COVID-19ကပ်ရောဂါအတွက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) မှ အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ECs/CECs များကိုယ်တိုင်ပါဝင်လှူဒါန်းခြင်းနှင့် ‘အလှူရှင်များ မိမိတို့ ကုမ္မဏီအမည်ဖြင့် ကိုယ်တိုင်ကိုယ်ကျတက်ရောက်လှူဒါန်းနိူင်အောင် စီစဉ်ပေ

 April, 2020 ==> 5.4.2020

COVID-19ကပ်ရောဂါအတွက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) မှ အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ECs/CECs များကိုယ်တိုင်ပါဝင်လှူဒါန်းခြင်းနှင့်
‘အလှူရှင်များ မိမိတို့ ကုမ္မဏီအမည်ဖြင့် ကိုယ်တိုင်ကိုယ်ကျတက်ရောက်လှူဒါန်းနိူင်အောင် စီစဉ်ပေး၍ နိဗ္ဗါန်ဆော် ပြုလုပ်ခြင်း’ တတိယအကြိမ်........
တတိယအကြိမ်အဖြစ်
COVID-19 ရောဂါရှာဖွေရေးစက် (Cobas 6800 Analyzer),
၎င်းစက်နှင့် တွဲဖက်သုံးစွဲရသည့် ရောဂါရှာဖွေရေးဆေးရည် (Reagent),
အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း (NHL‘s Virology lab renovation - including air corn, lab fixtures and fittings)
Surgical Masks များ
PPE များ
Non contact Infrared thermometer များ
Gloves များ
ငွေသားနှင့် ဆေးဝါးများ....
စုစုပေါင်းတန်ဖိုး ကျပ်- ၈၉၅,၄၄၀,၁၀၀ (ကျပ်သိန်း ၈၉၅၄ သိန်း) ကျော်ကို ယနေ့ (၅.၄.၂၀)(တနင်္ဂနွေ) တွင် ကျိုက်ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပါသည်။
ပထမအကြိမ် (၁၄.၃.၂၀)တွင် ကျပ်- ၃၉၃,၄၄၀,၁၀၀/- (ကျပ်သိန်းပေါင်း (၃၉၃၁)သိန်းကျော်)ကို၎င်း၊
ဒုတိယအကြိမ်တွင် (၂၁.၃.၂၀) စနေနေ့တွင် ကျပ်- ၂၀၇,၂၀၀,၀၀၀/- (ကျပ်သိန်းပေါင်း (၂၀၇၂) သိန်း)ကို၎င်း လှူဒါန်းပြီးဖြစ်ပါသည်။
ထို့ကြောင့် စုစုပေါင်း ယနေ့ထိ လှူဒါန်းမှူမှာ ကျပ်- ၁,၄၉၅,၇၆၅,၁၀၀/-ကျပ်သိန်းပေါင်း (၁၄၉၅၇.၆)သိန်းကျော်) ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) အနေဖြင့် အလွန်ပင် ဝမ်းသာကြည်နူးပီတိ ဖြစ်ရပါသည်
အလှူရှင်များ မိမိတို့ ကုမ္မဏီအမည်ဖြင့် ကိုယ်တိုင်ကိုယ်ကျတက်ရောက်လှူဒါန်းနိူင်အောင်လည်း စီစဉ်ပေးခဲ့ပါသည်။
လှူဒါန်းမှူများကို လက်ခံပေးပါသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Dr.မြင့်ထွေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Dr. သာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. ထွန်းမြင့်၊ MCCPMD ၏ ဗဟိုအလုပ်မှူဆောင်နှင့် အလုပ်မှူဆောင်များ၊ အလှူရှင်များ၊ ရုံးအဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
#MCCPMD
#Donation
#ToCombactCOVID19
#1495.76millionkyats
#1.068millionUS$

 

 
meeting-01
 
 
meeting-01
 
 
meeting-01
 
 
meeting-01
 
 
meeting-01