Training

ကိုယ်ပိုင်ဆေးဆိုင်ဖွင့်ဖို့ စိတ်ကူးနေပါသလား?
အလုပ်အကိုင်သေချာစေမဲ့ သင်တန်းတခုတက်ဖို့ စိတ်ကူးနေပါသလား?
(ဒါမှမဟုတ်) ကိုယ့်မိသားစု ကျန်းမာရေးကို စောင့်ရှောက်ဖို့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားလိုပါသလား?
ဒါတွေအားလုံးကို တစ်နေရာတည်း အဆင်ပြေနိုင်မဲ့ သင်တန်းမျိုးရှာနေပါသလား?

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော "လက်တွေ့အသုံးချ ဆေးဝါးလက်လီရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်နည်း သင်တန်း (Retail Pharmacy Management Course) အပတ်စဉ်(၂) ကို ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီ (၉) ရက်နေ့တွင် ဖွင့်လှစ် မှာဖြစ်ပါသည်။

လူဦးရေ အကန့်အသတ်ရှိပါသဖြင့်စိတ်ပါဝင်စားသူများ၊ တက်ရောက်လိုသော မိတ်ဆွေသူငယ်ချင်းများရှိပါက အမြန်လာရောက်စာရင်းပေးသွင်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆေးနှင့်ဆေးပစ္စည်းလက်လီရောင်းချခြင်းနှင့်ဆိုင်သော ပညာရပ်များကို အခြေခံမှစပြီး ကိုယ်ပိုင်လုပ်ငန်း ဖွင့်လှစ်နိုင်သည်အထိ လက်တွေ့တွင် အောင်မြင်နေသော အတွေ့အကြုံရှိ လုပ်ငန်းရှင်ကြီးများနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာရှိကြီးများကိုယ်တိုင် သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကာလအတွင်း ဘယ်မှာမှမရရှိနိုင်သော အခွင့်အရေးအနေဖြင့် ပြည်တွင်းရှိ WHO GMP နှင့်အညီ တည်ဆောက်ထားသော ဆေးဝါးစက်ရုံ GSDP စနစ်နှင့် အညီ ဖြန့်ချီနေသော ဆေးသိုလှောင်ရုံနှင့် Good Pharmacy Practices ရှိတဲ့ ဆေးဆိုင်များကိုလည်း လက်တွေ့ ကွင်းဆင်းလေ့လာခွင့်ရရှိမည်ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက အသင်း၏ဖုန်းနံပါတ် 09403366882, 09403366883 သို့ အမြန်ဆုံးစာရင်းသွင်း လိုက်တော့နော် …………

training-01
training-02
 
training-03
training-04