Training Batch (3)

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော "လက်တွေ့အသုံးချ ဆေးဝါးနှင့်ဆေးပစ္စည်း လက်လီရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နည်းသင်တန်း (Retail Pharmacy Management Course) အပတ်စဉ် (၃)" ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၈) ရက်၊ နံနက် (၈:၃၀) တွင် အသင်းရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲတွင် အသင်း၏ဒုတိယဥက္ကဌ Dr. သင်းနွယ်ဝင်း မှ အဖွင့်ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ သင်တန်းမှရရှိမည့်အကျိုးကျေးဇူးများနှင့် ယခုကဲ့သို့ လုံးလဝရိယရှိစွာဖြင့် လာရောက်တက်ကြသည့်အတွက် သင်တန်းသားများအတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ ပါသည်။ ဆက်လက်ပြီး သင်တန်းမှူးမှ သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းဖတ်ကြားခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ပါသည်။

သင်တန်းကို ၈-၆-၁၉ မှ ၂၈-၇-၁၉ ထိ(၂)လခန့် အပတ်စဉ် စနေ နှင့် တနင်္ဂနွေ နေ့များတွင် နံနက် (၉:ဝ၀)နာရီမှ နေ့လည်(၁၂:၃၀)နာရီထိ သင်ကြားပေးမည်ဖြစ်ပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း လာရာက်ရှင်းလင်းဟောပြောမည်ဖြစ်ပြီး နှစ်ပေါင်းများစွာ ဆေးဝါးနှင့်ဆေးပစ္စည်း စီးပွားရေးလောကတွင် အောင်မြင်ပြီး၊ ဝန်ထမ်းများစွာ အလုပ်အကိုင်ပေးနေသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျော်ကြားသော external trainer များမှ သင်ကြားပေးမည်ဖြစ်သဖြင့် လက်တွေ့ အသုံးချ ဆေးဝါးနှင့်ဆေးပစ္စည်း လက်လီရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ကိုင်နိုင်စေရန် အလွန်အကျိုးရှိသည့် သင်တန်းဖြစ်ပါသည်။

သင်တန်းသားဦးရေ အကန့်အသတ်ရှိပါသဖြင့် သင်တန်း အပတ်စဉ်(၄)ကို တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်း (09403366882 / 09403366883) တို့ကို ကြိုတင် စာရင်းပေးသွင်း နိုင်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

#MCCPMD

Training Batch 3
Training Batch 3
 
Training Batch 3
Training Batch 3
 
Training Batch 3
Training Batch 3