WHAT IS MCCPMD?

It is the Association of all entrepreneurs who are actively involved with pharmaceuticals, medical instruments, hospital equipment and health-care consultancy. They will either be manufacturers, traders, exporters, importers, wholesalers, retailers, etc in these healthcare business field.

 

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ အသင်းဝင်ကုမ္ပဏီများ၏ စုပေါင်းပါဝင်လှူဒါန်းမှုများဖြင့်
ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေသား၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်း

 

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်း။ (၂၊ ၄၊ ၂၀၂၅)

- မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသော ငလျင်ဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုသမှုများအတွက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် သိန်း(၅၀၀) မတည်၍ ၂၆,၄၀၀,၅၅၀(နှစ်ရာခြောက်ဆယ့်လေးသိန်းငါးရာ့ငါးဆယ်ကျပ်)တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ၍ (၂၊ ၄၊ ၂၀၂၅)ရက်နေ့တွင် လှူဒါန်း ပေးပို့ဆောင်ရွက်ခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသို့ အလှူငွေသား၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်း။ (၅၊ ၄၊ ၂၀၂၅)

- နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ငလျင်ဘေးသင့်ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကုသမှုများ ဆောင်ရွက်နိုင်ရန်အတွက် ငွေသားအလှူ - ကျပ်သိန်း (၂၀၀)၊ ဆေးဝါးနှင့်ဆေးပစ္စည်းတန်ဖိုး- ၁၁၁,၉၅၅,၂၅၀/-(တစ်ထောင့်တစ်ရာတစ်ဆယ့်ကိုးသိန်းငါးသောင်းငါးထောင်နှစ်ရာ့ငါးဆယ်ကျပ်)၊စုစုပေါင်းတန်ဖိုး ၁၃၁,၉၅၅,၂၅၀/- (တစ်ထောင့်သုံးရာတစ်ဆယ့်ကိုးသိန်းငါးသောင်းငါးထောင်နှစ်ရာ့ငါးဆယ်ကျပ်) အား ကျန်းမာရေးဝန်ကြီးဌာနမှ တဆင့် (၅၊ ၄၊ ၂၀၂၅)ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှတဆင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသများသို့ ဆေးဝါးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်း။ (၁၄၊ ၅၊၂၀၂၅)

- မန္တလေး၊ နေပြည်တော် နှင့်စစ်ကိုင်းတိုင်း ဒေသကြီးတို့ရှိ ငလျင်ဘေးသင့် ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စုစုပေါင်း ၇၅,၈၈၃,၅၅၀ ( ခုနှစ်ရာငါးဆယ့်ရှစ်သိန်း ရှစ်သောင်း သုံးထောင် ငါးရာငါးဆယ် ကျပ်)တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးဝန်ကြိးဌာနမှ တဆင့်(၁၄၊ ၅၊ ၂၀၂၅)ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့ပါသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရုံးချုပ်)၊ ဓါတ်ခွဲခန်းပြန်လည်ပြုပြင်ရန် အလှူငွေပါဝင်လှူဒါန်းခြင်း။ (၉၊ ၆၊ ၂၀၂၅)

- ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရုံးချုပ်)၊ ဓါတ်ခွဲခန်း ပြန်လည် ပြုပြင်နိုင်ရန်အတွက် ၇၈,၁၇၅,၀၅ဝိ/- (ခုနှစ်ရာရှစ်ဆယ့်တစ်သိန်း ခုနှစ်သောင်း ငါးထောင်ငါးဆယ်ကျပ်) ကို ကျန်းမာရေး ဝန်ကြီးဌာနမှ တဆင့်(၉၊ ၆၊ ၂၀၂၅) ရက်နေ့တွင်ပေးပို့ လှူဒါန်းခဲ့ပါသည်။

20250407 01
20250611 01
20250611 02
 
20250611 03
20250611 04
20250407 05
 
20250407 08
20250407 02
20250407 06
 

 

20240506 announcement 01
 

 


 

member