Training Batch (6)

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော "လက်တွေ့အသုံးချ ဆေးဝါးနှင့်ဆေးပစ္စည်း လက်လီရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နည်းသင်တန်း (Retail Pharmacy Management Course) အပတ်စဉ် (၆)" ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၈) ရက်၊ ည (၆:၄၅) တွင် Zoom Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲတွင် အသင်း၏ ဒုတိယဥက္ကဌဒေါက်တာသင်းနွယ်ဝင်းမှအဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်ရခြင်းရည်ရွယ်ချက်များ၊ သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူးများ၊ သင်တန်း ကာလတစ်လျှောက် စာတွေ့၊ လက်တွေ့သင်ကြားသွားမည့်ဘာသာရပ်များကို အကျဉ်းချုံးရှင်းပြခြင်းနှင့် လက်တွေ့ လုပ်ငန်းလုပ်ကိုင်ရာတွင် မည်ကဲ့သို့ အကျိုးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းမှူး မှ သင်တန်းတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားပေးခဲ့ပြီး ည (၇:၀၀)နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။

သင်တန်းကို ၂၈-၁-၂၁ မှ ၁၅-၈-၂၁ ထိ အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေ နှင့် တနင်္ဂနွေ နေ့များတွင် ည (၇:ဝ၀)နာရီမှ ည (၈:၃၀)နာရီထိ Zoom Video Conferencing ဖြင့် သင်ကြားပေးမည်ဖြစ်ပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း လာရာက်ရှင်းလင်းဟောပြောမည်ဖြစ်ပြီး နှစ်ပေါင်းများစွာ ဆေးဝါးနှင့်ဆေးပစ္စည်း စီးပွားရေးလောကတွင် အောင်မြင်ပြီး၊ ဝန်ထမ်းများစွာ အလုပ်အကိုင်ပေးနေသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျော်ကြားသော external trainer များမှ သင်ကြားပေးမည်ဖြစ်သဖြင့် လက်တွေ့ အသုံးချဆေးဝါးနှင့်ဆေးပစ္စည်း လက်လီရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ကိုင်နိုင်စေရန် အလွန်အကျိုးရှိသည့် သင်တန်းဖြစ်ပါသည်။

training batch6 01
training batch6 02
&nsbp;
training batch6 03
training batch6 04
&nsbp;
training batch6 05
training batch6 06
&nsbp;