မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော "လက်တွေ့အသုံးချ ဆေးဝါးနှင့်ဆေးပစ္စည်း လက်လီရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နည်းသင်တန်း (Retail Pharmacy Management Course) အပတ်စဉ် (၅)" ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁) ရက်၊ နံနက် (၈:၃၀) တွင် အသင်းရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲတွင် အသင်း၏ အထွေထွအတွင်းရေးမှူးဒေါက်တာဝင်းကြိုင်မှအဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်ရခြင်းရည်ရွယ်ချက်များ၊ သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူးများ၊ သင်တန်း ကာလတစ်လျှောက် စာတွေ့၊ လက်တွေ့သင်ကြားသွားမည့်ဘာသာရပ်များကို အကျဉ်းချုံးရှင်းပြခြင်းနှင့် လက်တွေ့ လုပ်ငန်းလုပ်ကိုင်ရာတွင် မည်ကဲ့သို့ အကျိုးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းမှူး မှ သင်တန်းတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားပေးခဲ့ပြီး နံနက် (၉:၀၀)နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။
သင်တန်းကို ၁-၂-၂၀ မှ ၂၂-၃-၂၀ ထိ(၂)လခန့် အပတ်စဉ် စနေ နှင့် တနင်္ဂနွေ နေ့များတွင် နံနက် (၉:ဝ၀)နာရီမှ နေ့လည်(၁၂:၃၀)နာရီထိ သင်ကြားပေးမည်ဖြစ်ပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း လာရာက်ရှင်းလင်းဟောပြောမည်ဖြစ်ပြီး နှစ်ပေါင်းများစွာ ဆေးဝါးနှင့်ဆေးပစ္စည်း စီးပွားရေးလောကတွင် အောင်မြင်ပြီး၊ ဝန်ထမ်းများစွာ အလုပ်အကိုင်ပေးနေသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျော်ကြားသော external trainer များမှ သင်ကြားပေးမည်ဖြစ်သဖြင့် လက်တွေ့ အသုံးချဆေးဝါးနှင့်ဆေးပစ္စည်း လက်လီရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ကိုင်နိုင်စေရန် အလွန်အကျိုးရှိသည့် သင်တန်းဖြစ်ပါသည်။