ဆေးပစ္စည်းများအား Grouping System ဖြင့် Online Booking လျှောက်ထားခြင်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ ဆေးပစ္စည်းများအား Grouping System ဖြင့် Online Booking လျှောက်ထားခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၉ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့၊ နံနက် (၉:၃၀)အချိန်တွင် နေပြည်တော် FDA ရုံး ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာခင်ချစ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ Medical Device Department ညွှန်ကြားရေးမှူး ဒေါက်တာတင်ဝါဝါဝင်းမှ ဆေးပစ္စည်းများအား Grouping System ဖြင့် Online Booking လျှောက်ထားခြင်းကို (၂၁၊ ၄၊ ၂၀၁၉)ရက်နေ့မှ စတင်ပြီး ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဦးစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်ဦး မှ Grouping System ဖြင့် Online Booking လျှောက်ထားခြင်းကိစ္စ အချက်အလက်များအား Power Point Presentation ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ (ဆေးပစ္စည်းများအား Grouping System ဖြင့် Online Booking လျှောက်ထားခြင်းနှင့်ပတ်သက်သော Power Point Presentation အား အသင်းဝင်များလေ့လာသိရှိနိုင်ပါရန် ပူးတွဲတင်ပြအပ်ပါသည်။)

ထို့နောက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းဥက္ကဌမှ ယခုကဲ့သို့ FDA မှ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပွဲဆောင်ရွက်ပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသော အသင်းဝင် ဆေးပစ္စည်းတင်သွင်းသည့်ကုမ္ပဏီများမှ ဆေးပစ္စည်းများအား Grouping System ဖြင့် Online Booking လျှောက်ထားခြင်းနှင့်ပတ်သက်၍ မရှင်းလင်းသည့် သိရှိလိုသည်များအား ပြန်လည်မေးမြန်ဆွေးနွေးခဲ့ကြပြီး FDA မှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဦးဇော်မိုးခိုင်၊ Medical Device Committee ဥက္ကဌ ဒေါက်တာစောမြအောင်၊ အတွင်းရေးမှူးဒေါက်တာမင်းဦး၊ ဦးနိုင်မျိုးမင်း နှင့်အဖွဲ့ဝင်များ၊ အသင်းဝင်ဆေးပစ္စည်းတင်သွင်းကြသော ကုမ္ပဏီ(၁၀ဝ)ကျော်ခန့် တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား နေ့လည် (11:30)အချိန်တွင် အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်
#MCCPMD

Medical Device Grouping System Presentation (Download PDF)