မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် "တရားဝင်တင်သွင်း၊ ထုတ်လုပ်ထားသော ဆေးနှင့်ဆေးပစ္စည်း ဈေးပွဲတော် (ပထမအကြိမ်)" တွင် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အောက်ပါအစီအစဉ်အတိုင်း ဟောပြောမည်ဖြစ်ပါ၍ အသင်းဝင်များနှင့် စိတ်ပါဝင်စားသူများ မည်သူမဆို အခမဲ့ တက်ရောက်နားထောင်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
နေ့စွဲ - ၂၇.၄.၁၉ (စနေနေ့)
အချိန် - နေ့လည် ၁၂:၃၀
အကြောင်းအရာ -
(၁) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန် မှ "ဆေးဝါး ရောင်းချ၊ ဝယ်ယူ၊ သုံးစွဲမှု ဆိုင်ရာသိကောင်းစရာ" လည်းကောင်း၊
(၂) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးပစ္စည်းဌာနခွဲ မှ "Medical Device Regulation" ကိုလည်းကောင်း ဟောပြောမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
#MCCPMD