မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း (MCCPMD) မှ ကြီးမှူးကျင်းပပြုလုပ်သည့် တရားဝင်တင်သွင်း၊ ထုတ်လုပ်ထားသော ဆေးနှင်းဆေးပစ္စည်း ဈေးပွဲတော် (ပထမအကြိမ်) ဖွင့်ပွဲကို ယနေ့ (၂၇-၄-၂၀၁၉) နံနက် ၉ နာရီတွင် တပ်မတော်ခန်းမ၊ ဦးဝိစာရလမ်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို
ထို့နောက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဇော်မိုးခိုင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် Dr.ထွန်းမြင့် တို့မှ အဖွင့်နူတ်ခွန်းဆက်စကားများအသီးသီးပြောကြားခဲ့ကြပြီးပြခန်းများကို လည့်လည်ကြည့်ရှုကြပါသည်။
ဈေးရောင်းပွဲတော်တွင် ကုမ္မဏီပေါင်း (၉၄)ခု မှ ပြခန်းပေါင်း (၁၄၃)ခန်းပြသလျှက်ရှိပြီး ဧပြီ(၂၉) ရက်ထိ စည်ကားသိုက်မြိုက်စွာ အထူးချိုသာသောဈေးနှူန်းများ၊ လက်ဆောင်များဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရပါသဖြင့် မည်သူမဆို အခမဲ့လာရောက်လေ့လာကြည့်ရှုနိုင်ပါသည် ။
ထိုဈေးရောင်းပွဲတော်၌ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာဖြည့်စွက်စာများ၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ အရေပြားနှင့် အလှအပဆိုင်ရာဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများအပြင်၊ ကျန်းမာရေးစောင့်ရှောက်မှူလုပ်ငန်းများ၊ ဆေးရုံများမှလည်း ပါဝင်ပြသ လျှက်ရှိပါသည်။
နေ့လည်(၁၂:၃၀) နာရီတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)
FDA မှ ဆရာ၊ ဆရာမများဟောပြောခဲ့သည့်အကြောင်းအရာများကို အောက်ပါ Link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#MCCPMD
Regulation of Medical Device in Myanmar (Download PDF)
ဆေးဝါးရောင်းချ ဝယ်ယူ သုံးစွဲမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ (Download PDF)