ဂျာမနီနိုင်ငံ အခြေစိုက် Messe Duesseldorf အဖွဲ့အစည်း ၏ အာရှရုံးခွဲ (Singapore) မှ ကိုယ်စားလှယ် Ms. Rita Biswas (Director)နှင့် မြန်မာပြည် ကိုယ်စားလှည်ရုံး မှ Ms. Khin Mira Lay တို့သည် ၂၀၁၉ ခုနှစ်၊ မေလ၊ (၁၆) ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းရုံးသို့လာရောက် ခဲ့ရာ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်၊ တွဲဘက်အထွေထွေအတွင်းရေးမှူးဦးကျော်ဦးမော် တို့မှ လက်ခံတွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲ ၌ ထိုင်းနိုင်ငံ၊ Bangkok တွင် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့ မှ (၁၃) ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် MEDICAL FAIR THAILAND သို့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့်လုပ်ငန်းရှင်များ အသင်း၏ အသင်းဝင်များတက်ရောက်နိုင်ရန် လာရောက်ဖိတ်ကြားခဲ့ပါသည်။
အထွေထွေအတွင်းရေးမှူးဒေါက်တာဝင်းကြိုင်မှလည်း အသင်းဝင်များ ပြပွဲ သို့ တက်ရောက်နိုင်ရန် ပူးပေါင်း ကူညီ ဆောက်ရွက်ပေးမည် ဖြစ်ကြောင်း နှင့် မြန်မာပြည်တွင်လည်း Trade Fair များကို လာရောက်ကျင်းပ လိုပါက မိမိတို့အသင်းအနေဖြင့် လိုအပ်သည်များကို ပူးပေါင်းကူညီပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖိတ်ခေါ်ခဲ့ပြီး အဖွဲ့အစည်း(၂)ခုကြား ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
#MCCPMD