Bangkok အခြေစိုက်၊ Belgium သံရုံး၏ Economic & Commercial Counsellor နှင့် တွေ့ဆုံသောအစည်းအဝေး

Bangkok အခြေစိုက်၊ Belgium သံရုံး၏ Economic & Commercial Counsellor Mr. Nasser Belalia သည် ၂၀၁၉ ခုနှစ်၊ မေလ (၁၆)ရက်နေ့၊ နံနက် (၁၁:ဝ၀)နာရီအချိန်တွင် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းရုံးသို့လာရောက်၍ ှ ဒုတိယဥက္ကဌဒေါက်တာသင်းနွယ်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဦးမော် တို့နှင့် လာရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲ ၌ ထိုင်းနိုင်ငံ၊ Bangkok တွင် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့ မှ (၁၃) ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် MEDICAL FAIR THAILAND သို့ တက်ရောက်ကြမည့် မြန်မာနိုင်ငံမှ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်ရှင်များအသင်း မှ အသင်းဝင်များ နှင့် ၄င်းပြပွဲတွင် ပါဝင်ပြသကြမည့် Belgium နိုင်ငံ မှ Exhibitor များ နှင့် တွေ့ဆုံပြီး Business Matching များ ပြုလုပ် နိုင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

#MCCPMD

 
Bangkok အခြေစိုက်၊ Belgium သံရုံး၏ Economic & Commercial Counsellor နှင့် တွေ့ဆုံသောအစည်းအဝေး
Bangkok အခြေစိုက်၊ Belgium သံရုံး၏ Economic & Commercial Counsellor နှင့် တွေ့ဆုံသောအစည်းအဝေး