ဇွန်လ ၆ရက်နေ့တွင် နေပြည်တော် Kempinski Hotel ၌ ကျင်းပသော တတိယအကြိမ်မြောက် Myanmar-EU Economic Forum 2019 တွင် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း (MCCPMD) ဥက္ကဌ ဦးဇော်မိုးခိုင်သည် Health Panel Discussion တွင် Panelist အဖြစ် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ Health Panel Discussion တွင် "Promoting Innovation and Co-operation to develop a sustainable healthcare sysyem in Myanmar" ခေါင်းစဉ်ဖြင့် Moderator Mr. Diederik Vanvliet (Assiciate Director, Emerging market, Fresenius Medical Care) မှ ဦးဆောင်၍ Mr. Fabian Singer (Siemens Healthcare), Prof. Dr. S ကျော်လှ (President, Myanmar Medical Council), ဦးဇော်မိုးခိုင် (ဥက္ကဌ, မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်မျာသင်း MCCPMD), Dr. ဝင်းနိုင် (Deputy Director General, Dept. of Medical Services) နှင့် Dr. သိင်္ဂီဇင် (Director, FDA) တို့မှ Panelist များ အဖြစ်ပါဝင်ဆွေးနွေးခဲ့ကြပါသည် ။ "ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းဥက္ကဌမှ Healthcare sector ဖွံ့ဖြိုးတိုးတက်ရေးအတွက် Private Public Partnership အဖြစ်ဆောင်ရွက်နိုင်ပုံများကိုရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
#MCCPMD