ProPak Asia 2019 သို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းမှ သွားရောက်ခြင်း

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ မှာကျင်းပပြုလုပ်ခဲ့ သည့် ProPak Asia 2019 သို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အသင်းမှအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်မှ ဦးဆောင်၍ တွဲဘက်အထွေထွေအတွင်းရေးမှူး-၂ ဦးကျော်ဦးမော် ၊ ဗဟိုအလုပ်အမှူဆောင် ဦးလှဌေး ၊ အလုပ်အမှူဆောင်များ ဖြစ်ကြသာ ဦးမျိုးအောင်၊ ဦးနိုင်မျိုးမင်း တို့နှင့်အတူအသင်းဝင် စုစုပေါင်း ၁၄ ဦး တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသူများမှ ပြခန်းများကို လှည့်လည်ကြည့်ရှုပြီး Exhibitor များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဇွန်လ ၁၄ ရက်နေ့တွင် ယခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ProPak Myanmar 2019 အတွက် ရည်ရွယ်ပြီး ပြုလုပ်သော PPKM19 Morning Briefing တွေ့ဆုံပွဲသို့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်မှ ဦးဆောင်၍ တွဲဘက်အထွေထွေအတွင်းရေးမှူး-၂ ဦးကျော်ဦးမော် ၊ ဗဟိုအလုပ်မှူဆောင် ဦးလှဌေးနှင့် အသင်းဝင်အချို့ တက်ရောက်ခဲ့ကြပါသည်။

ထိုတွေ့ဆုံပွဲတွင် အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်မှ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို မိတ်ဆက် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ တွင်ကျင်းပမည့် ProPak Myanmar နှင့် ပတ်သက်ပြီး စိတ်ဝင်စားကြသည့် နိုင်ငံ အသီးသီးမှ Exhibitor များ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တက်ရောက်ခဲ့ကြပါသည်။

#MCCPMD

 
ProPak Asia 2019
ProPak Asia 2019
 
ProPak Asia 2019
ProPak Asia 2019
 
ProPak Asia 2019
ProPak Asia 2019
 
ProPak Asia 2019
ProPak Asia 2019
 
ProPak Asia 2019
ProPak Asia 2019