Medical Devices ASEAN 2019 ("MDA 2019") သို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အသင်းမှ တက်ရောက်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့IMPACT Exhibition Center ၌ ကျင်းပပြုလုပ်သော Medical Devices ASEAN 2019 ("MDA 2019") သို့တက်ရောက်ရန်မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်နှင့်တွဲဘက် အတွင်းရေးမှူး(၂) ဦးကျော်ဦးမော်တို့ မှဦးဆောင်၍ အသင်းဝင် စုစုပေါင်း ၁၈ ဦး (ကုမ္ပဏီ ၁၇ခု) တို့သည် ယနေ့ (၁၁ရက် ဇူလိုင် ၂၀၁၉နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွါခဲ့ကြပြီး Medical Devices ASEAN 2019 သို့တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသူများမှ ပြခန်းများကို လှည့်လည်ကြည့်ရှုခြင်း၊ Exhibitor များနှင့် တွေ့ဆုံ ၍ Business-matching များပြုလုပ်ခြင်း စသည်တို့ကို တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါပွဲအား ၁၀ရက်နေ့မှ ၁၂ရက်နေ့အထိ ကျင်းပပြုလုပ်သည်ဟု သိရှိရပါသည်။

 
medical-devices-asian-2019-01
medical-devices-asian-2019-02
 
medical-devices-asian-2019-03
medical-devices-asian-2019-04
 
medical-devices-asian-2019-05
medical-devices-asian-2019-06