လက်တွေ့အသုံးချဆေးဝါးနှင့်ဆေးပစ္စည်းလက်လီရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နည်းသင်တန်း (Retail Pharmacy Management Course) အပတ်စဉ်-၃ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း

လက်တွေ့အသုံးချဆေးဝါးနှင့်ဆေးပစ္စည်းလက်လီရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်နည်းသင်တန်း (Retail Pharmacy Management Course) အပတ်စဉ်-၃ ရဲ့နောက်ဆုံးရက်လေးကိုရောက်လာပါပြီ။

ဒီနေ့မှာတော့ ၂လတာ အပတ်စဉ်အတွင်းလေ့လာခဲ့သမျှတွေရဲ့အောင်မြင်မှုပီတိလေးတွေခံစားရင်း သင်တန်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊ ထူးချွန်သင်တန်းသား(၁)ဦးကို ထူးချွန်ဆုပေးအပ်ခြင်း၊ သင်ကြားပေးသော ဆရာ၊ဆရာမများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားလေးကို နံနက် (၉)နာရီမှာ အသင်းရုံးခန်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အသင်းဥက္ကဌဦးဇော်မိုးခိုင်မှ အချိန်ပေးလာရောက်သင်ကြားပေးသောဆရာ/မများနှင့် သင်တန်းကာလတွင်းစိတ်ဝင်တစားသင်ယူလေ့လာခဲ့သော သင်တန်းသား/သူများကို ကျေးဇူးတင်စကားပြောကြား၍ ဆရာဒေါက်တာတင်လတ်မှလည်းသင်တန်းသားများရဲ့ကြိုးစားလေ့လာမှုကိုအသိအမှတ်ပြုဂုဏ်ပြုစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားနှင့်သင်တန်းမှရရှိခဲ့သောအကျိုးကျေးဇူးများကိုပြန်လည်ပြောကြားပြီး အခမ်းအနားကို နံနက် ၁၀:၃၀ နာရီတွင်ပျော်ရွှင်စွာရုတ်သိမ်းခဲ့ပါသည်။

Batch - 4 တက်ဘို့စောင့်မျှော်နေသူများ သင်တန်းအပ်လို့ရပြီဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
နေရာအခက်အခဲကြောင့်လူဦးရေကန့်သတ်ထားလို့စောစောလေးလာအပ်မှစိတ်ချရမယ်နော့။

စုံစမ်းချင်ရင်တော့ ဖုန်း 09 403366882 နဲ့ 09 403366883 တို့ကို တနင်္လာနေ့မှစနေနေ့အတွင်း ရုံးချိန်တွေမှာ ဆက်လိုက်ပါရှင့်။

#MCCPMD

 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course
 
Retail Pharmacy Management Course
Retail Pharmacy Management Course