(၈.၈.၁၉) ကြာသာပတေးနေ့တွင် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း (MCCPMD) ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် FDAမှ ပြဌာန်းထားသော ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ၊ဆေးဝါးရောင်းချသောဆိုင်များ

(၈.၈.၁၉) ကြာသာပတေးနေ့တွင် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း (MCCPMD) ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးနှင့် FDA မှ ပြဌာန်းထားသော ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ၊ ဆေးဝါးရောင်းချသော ဆိုင်များ လိုက်နာရမည့် Good Pharmacy Practice များနှင့်ပတ်သက်သော သိကောင်းစရာများ ရှင်းလင်းဟောပြောပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးနိုင်လင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ၊ အလုပ်သမားနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီး ဦးဇော်အေးမောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းကျန်းမာရေးဦးစီးဌာနမှှူး ဒုတိယညွှန်ကြားရေးမှူးချုပ် Dr ထွန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ညွှန်ကြားရေးမှူး Drမင်းဝဏ်၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Drမျိုးဇာနည်စော နှင့် တာဝန်ရှိသူများ၊ UMFCCI ဥက္ကဌဦးဇော်မင်းဝင်း နှင့် UMFCCI မှ EC/CEC များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အသင်းဝင်များစုစုပေါင်း (၂၃၀) ကျော်တက်ရောက်ခဲ့ပါသည်။

▪️FDA မှ ပြဌာန်းထားသော ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ၊ ဆေးဝါးရောင်းချသော ဆိုင်များ လိုက်နာရမည့် Good Pharmacy Practice များနှင့်ပတ်သက်သော သိကောင်းစရာများကို နေ့လည် (၁)နာရီတွင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Drမျိုးဇာနည်စောမှ ရှင်းလင်းဟောပြောခဲ့ပါသည်။

▪️ဆက်လက်၍ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း (MCCPMD) ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကိုကျင်းပခဲ့ပြီး အသင်းဘဏ္ဍာရေးရှင်းတမ်းဖတ်ကြားတင်ပြ အတည်ပြုခြင်း၊လစ်လပ်သွားသော အလုပ်မှူဆောင်(၃)ဦးနေရာတွင် အလုပ်အမှူဆောင်အသစ် (၃)ဦး အစားထိုးခန့်အပ်ခြင်းနှင်အတည်ပြုခြင်း၊ အလှူငွေလှူဒါန်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ တို့ကိုပြုလုပ်ပြီး ညနေ (၄) နာရီခန့်တွင်အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

#MCCPMD