ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှူလုပ်ငန်းများဆောင်ရွက်နိင်ရန်ရည်ရွယ်၍........
" မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း"မှ စုစုပေါင်းတန်ဖိုး ငွေကျပ် (၃၅၄.၃) သိန်းကျပ် (ငွေသားကျပ် သိန်း (၃၄၀) နှင့် ဆေးဝါးတန်ဖိုး ကျပ်(၁၄.၃)သိန်း) အား ယနေ့ (၁၈-၈-၁၉) တနင်္ဂနွေနေ့ တွင် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(MOHS)”သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

▪️အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး
တိုင်းကျန်းမာရေးရုံး၊ လမ်း (၇၀)၊
(၂၇) လမ်းနှင့် (၂၈)လမ်းကြား၊ ချမ်းအေးသာစံမြို့နယ် တွင်ကျင်းပခဲ့ပါသည်။

▪️လှူဒါန်းမှူကို လက်ခံပေးပါသော....
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Dr. မြင့်ထွေး၊
အမြဲတမ်းအတွင်းဝန် Dr. သက်ခိုင်ဝင်း၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr. စိုးဦး၊
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr.တင်တင်လေး နှင့်တကွ တက်ရောက်ချီမြှင့်ပေးပါသော မန္တလေးတိုင်း တိုင်းကျန်းမာရေးဦးစီးဌာနမှူး၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များဖြစ်ကြသော မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း၏ EC/CEC များ၊ အသင်းဝင်များ အားလုံးကိုလှိူက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါသည်။

#MCCPMD