ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့BITEC Exhibition Center ၌ ကျင်းပပြုလုပ်သော Medical Fair Thailand

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့BITEC Exhibition Center ၌ ကျင်းပပြုလုပ်သော Medical Fair Thailand သို့တက်ရောက်ရန်မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်၊ တွဲဘက် အထွေထွေအတွင်းရေးမှူး(၁) ဒေါက်တာဝင်းမော်ဖြိုး နှင့် တွဲဘက်အထွေထွေအတွင်းရေးမှှုး(၂) ဦးကျော်ဦးမော်တို့ မှဦးဆောင်၍ အသင်းဝင် စုစုပေါင်း ၁၂ ဦး (ကုမ္ပဏီ ၉ခု) တို့သည် ၁၀.၉.၂၀၁၉ နေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွါခဲ့ကြပြီး Medical Fair Thailand သို့တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသူများမှ ပြခန်းများကို လှည့်လည်ကြည့်ရှုခြင်း၊ Exhibitor များနှင့် တွေ့ဆုံ ၍ Business-matching များပြုလုပ်ခြင်း စသည်တို့ကို တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါပွဲအား ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ Messe Düsseldorf Asia (MDA) မှကြီးမှှုးကျင်းပပြုလုပ်ပြီး အရှေ့တောင်အာရှတွင်အကြီးမားဆုံး ဆေးပစ္စည်း နှင့်ကျန်းမာရေးဆိုင်ရာပြပွဲကြီးတခုဖြစ်သည်ဟု သိရှိရပါသည်။

#MCCPMD