မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းမှကြီးမှှုး၍ လုပ်ငန်းရှင်အသင်းသားများနှင့်စိတ်ဝင်စားသောလုပ်ငန်းရှင်များ လုပ်ငန်းဆိုင်ရာ ပဋိဉာဉ်များချုပ်ဆိုရာတွင်အလေးထားသင့်သည့်ဥပဒေရေးရာများ ဟောပြောပွဲ

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းမှကြီးမှှုး၍ လုပ်ငန်းရှင်အသင်းသားများနှင့်စိတ်ဝင်စားသောလုပ်ငန်းရှင်များ လုပ်ငန်းဆိုင်ရာ ပဋိဉာဉ်များချုပ်ဆိုရာတွင်အလေးထားသင့်သည့်ဥပဒေရေးရာများပိုမိုသိရှိနားလည် ပြီးမိမိတို့လုပ်ငန်းများအတွက် အကျိုးပြုအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဟောပြောပွဲတရပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၈) ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် UMFCCI မင်္ဂလာခန်းမတွင်ကျင်းပခဲ့ပါသည်။ ဟောပြောပွဲတွင် အသင်းဥက္ကဌဦးဇော်မိုးခိုင်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ပြည်ထောင်စု တရားလွှတ်တော်ရှေ့နေဦးသန်းမောင် (စစ်တွေ) မှ တက်ရောက်၍ လုပ်ငန်းများအတွက် ပဋိဉာဉ်များချုပ်ဆိုရာတွင် အလေးထားဂရုပြုသင့်သော ဥပဒေရေးရာဆိုင်ရာသိကောင်းစရာများ သိသင့်သိထိုက်သည်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးမြန်းမှုများအား ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေဦးသန်းမောင် (စစ်တွေ) မှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး ဟောပြောပွဲကိုနေ့လည် ၁၂း၃၀ နာရီခန့်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ဟောပြောပွဲသို့ ဧည့်သည်တော်များအဖြစ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌါန ညွှန်ကြားရေးမှှုးချုပ်ကိုယ်စား စီမံရေးရာဌါန ညွှနိကြားရေးမှူး ဒေါက်တာ ဇော်လင်း၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့အတွင်းရေးမှူး ဒေါက်တာရဲထွဋ် နှင့် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးကျော်ဝင်း၊ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များ၊ ဗဟိုအလုပ်အမှုဆောင်နှင့်အမှုဆောင်အဖွဲ့ဝင်များ၊ အခြားသောစိတ်ပါဝင်စားသောဧည့်သည်တော်များ စုစုပေါင်း ၁၈၀ ကျော်စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပါသည်။

#MCCPMD