မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၏ “အသင်းသားစုံညီအထူးအစည်းအဝေး”

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၏ “အသင်းသားစုံညီအထူးအစည်းအဝေး” ကို ၂၃.၁၂.၂၀၁၉ ရက်နေ့၊ နေ့လည် (၁း၀၀)နာရီ အချိန်တွင် အသင်းရုံးခန်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဒေါက်တာသင်းနွယ်ဝင်း မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောခဲ့ပါသည်။

ဆက်လက်၍ အသင်းအမည်ပြောင်းလဲမည့်ကိစ္စနှင့်ပတ်သတ်၍ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင် မှ အသင်းအမည်ကို မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း အင်္ဂလိပ်အမည် Myanmar Pharmaceutical & Medical Equipment Entrepreneurs’ Association(MPMEEA)မှ “မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း” အင်္ဂလိပ်အမည် “Myanmar Chamber of Commerce for Pharmaceutical & Medical Device (MCCPMD)” သို့ ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်းကို အကျိးအကြောင်းဖေါ်ပြချက်များဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အသင်းဝင်(၅၀)ကျော်မှ ကန့်ကွက်ရန်မရှိ သဘောတူညီကြပါသဖြင့် အသင်းအမည်အသစ်အား အတည်ပြုကြောင်းကြေငြာခဲ့ပြီး ဒုတိယဥက္ကဌ ဒေါက်တာသင်းနွယ်ဝင်း မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား နေ့လည် (၁း၄၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

အထွေထွေအတွင်းရေးမှူး ရှင်းလင်းတင်ပြခဲ့သည့် အသင်းအမည်ပြောင်းလဲရခြင်း အကျိုးအကြောင်းဖေါ်ပြချက်များအား အောက်ပါ PDF file တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

#MCCPMD

 
meeting-01