မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်း၍ “မြန်မာနို်ငငံတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအကောင်းအထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် သိကောင်းစရာများ ရှင်းလင်းဟောပြောပွဲ” ကျင်းပခြင်း

January, 2020 ==> 2.1.2020

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်း၍ “မြန်မာနို်ငငံတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအကောင်းအထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် သိကောင်းစရာများ ရှင်းလင်းဟောပြောပွဲ” ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်၊ ကြာသပတေးနေ့၊နေ့လည် (၁:၀၀)နာရီအချိန်တွင် ကုန်သည်စက်မှုအသင်းချုပ် “မင်္ဂလာခန်းမ” ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးဇော်မိုးခိုင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမိုးမိုးသွယ် မှ “မြန်မာနို်ငငံတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအကောင်းအထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် သိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသူများ၏ စိတ်ပါဝင်စားစွာ မေးမြန်းကြသောမေးခွန်းများအား မူပိုင်ခွင့်ဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမိုးမိုးသွယ် ၊ ညွှန်ကြားရေးမှူးဒေါက်တာစိမ့်သန္တာထွန်း၊ ဒေါက်တာအေးသီရိဝေတို့မှပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ဟောပြောပွဲကို ညနေ 4 :30 နာရီခန့်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဟောပြောပွဲသို့ဧည့်သည်တော်များအဖြစ် မူပိုင်ခွင့်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမိုးမိုးသွယ် ၊ ညွှန်ကြားရေးမှူးဒေါက်တာနှင်းနှင်းအေး၊ ညွှန်ကြားရေးမှူးဒေါက်တာစိမ့်သန္တာထွန်း၊ ဒေါက်တာအေးသီရိဝေ၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ခိုင်လင်းနှင့် မြန်မာနိုင်ငံအသိဥာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးဒေါက်တာဝင်းကြိုင်၊ တွဲဘက်အထွေထွေအတွင်းရေးမှူးဦးကျော်ဦးမော်နှင့် ဗဟိုအလုပ်အမှုဆောင်နှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် အသင်းဝင်များ စုစုပေါင်း လူဦးရေ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

#MPMEEA

 
year2020-01
 
 
meeting-01
 
 
meeting-01
 
 
meeting-01
 
 
meeting-01