January, 2020 ==> 17.1.2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိင်ငံဆေးသုတေသန ဦးစီးဌာန၊ Auditorium (3) တွင် ကျင်းပပြုလုပ်ခဲ့သော “Role of Medical Device in Clinical Practice” Symporium သို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း (Myanmar Chamber of Commerce for Pharmaceutical & Medical Device)မှ ဥက္ကဌဦးဇော်မိုးခိုင်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ဦးကျော်ဦးမော်၊ အလုပ်အမှုဆောင်ဒေါက်တာစောမြအောင်၊ ဦးအောင်မျိုးထွန်း၊ ဒေါက်တာမင်းဦး နှင့် Medical Device Committee ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ Symposium တွင် အသင်း၏ အလုပ်အမှုဆောင် (Medical Device Committee ၏ ဒုတိယဥက္ကဌ) ဦးအောင်မျိူးထွန်းမှ “Medical Device Supply Chain Management” ခေါင်းစဉ်ဖြင့် ပါဝင်တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးခွန်းများအား ဥက္ကဌဦးဇော်မိုးခိုင် နှင့် (Medical Device Committee ၏ ဒုတိယဥက္ကဌ) ဦးအောင်မျိူးထွန်းတို့မှ ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြပါသည်။
#MCCPMD