January, 2020 ==> 18.1.2020
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (Myanmar Chamber of Commerce for Pharmaceutical & Medical Device)၏ ဧရာ၀တီတိုင်းဒေသကြီး ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းခွဲ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် အသင်းသားစုံညီအစည်းအဝေးကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ MMA ခန်းမတွင် မွန်းလွဲ(၁:၀၀)နာရီအချိန် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးဌေးဝင်း၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးဝင်း၊ ဧရာ၀တီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးဒေါက်တာပြည့်ဖြိုး၊ ဧရာ၀တီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးအောင်၊ ဧရာ၀တီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ပုသိမ်) ဥက္ကဌ ဒေါက်တာသန်းသန်းဌေး၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးဇော်မိုးခိုင်၊ အထွေထွေ အတွင်းရေးမှူးဒေါက်တာဝင်းကြိုင်၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး(၁)ဒေါက်တာဝင်းမော်ဖြိုး၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး(၂)ဦးကျော်ဦးမော်၊ အလုပ်အမှုဆောင် (အသင်းသားစည်းရုံးရေးကော်မတီဥက္ကဌ)ဦးအောင်ထွန်းအေး ၊ အလုပ်အမှုဆောင် ဦးသန်းထွဋ် ၊ ဧရာ၀တီတိုင်းဒေသကြီး ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းခွဲမှ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အသင်းဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ရှေးဦးစွာ ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဌေးဝင်း မှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌဦးဇော်မိုးခိုင်မှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်မှ အသင်းခွဲ စတင်ဖွဲ့စည်းတည်ထောင်ရခြင်း နှင့် ၂၀၂၀-၂၀၂၂ ခုနှစ် အလုပ်အမှုဆောင်သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခံရသော အလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များစာရင်းအား အတည်ပြုကြေငြာပေးခဲ့ပါသည်။
ဆက်လက်၍ အစီအစဉ်အရ Sponsor Company များ၏ အလှူငွေလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခြင်း အခမ်းအနားအား ကျင်းပခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ ဧည့်သည်တော်များမှ Sponsor Company များ ၏ ခင်းကျင်းပြသထားသော ဆေးနှင့်ဆေးပစ္စည်းများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး အစည်းအဝေး ပထမပိုင်း အစီအစဉ်အား ခေတ္တရပ်နားခဲ့ပါသည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ဧရာ၀တီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုး မှ ဆေးဝါးဆိုင်ရာကျင့်စဉ်ကောင်းများအကြောင်း နှင့် ဆေးဝါးအရောင်းဆိုင်များ လိုက်နာကျင့်သုံးရမည့်အချက်များအား ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာကြသူများ၏ မေးခွန်းများအား ပြန်လည် ဖြေကြားပေးခဲ့ပါသည်။ ၎င်းနောက် ဧရာ၀တီတိုင်းဒေသကြီး ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းခွဲဥက္ကဌ ဦးထိန်နန်း(ကိုယ်စား) အထွေထွေအတွင်းရေးမှူး ဦးမျိုးနိုင်ဦး မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မွန်းလွဲ(၃:၁၅)နာရီအချိန်တွင် အခမ်းအနားအား အောင်မြင်စွာဖြင့် ကျင်းပ ပြီးမြောက်ခဲ့ပါသည်။
#MCCPMD