“လက်တွေ့အသုံးချဆေးဝါးနှင့်ဆေးပစ္စည်းလက်လီရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်နည်းသင်တန်း” (Retail Pharmacy Management Course) အပတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

February, 2020 ==> 1.2.2020

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (Myanmar Chamber of Commerce for Pharmaceutical & Medical Device) (MCCPMD) မှ ကြီးမှူးဖွင့်လှစ်သော “လက်တွေ့အသုံးချဆေးဝါးနှင့်ဆေးပစ္စည်း လက်လီရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နည်းသင်တန်း” (Retail Pharmacy Management Course) အပတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့၊ ဖေဖေါ်ဝါရီလ (၁)ရက်၊ နံနက် (၈:၄၅)အချိန်တွင် အသင်းရုံးခန်းရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲတွင် အထွေထွေအတွင်းရေးမှူးဒေါက်တာဝင်းကြိုင်မှ အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော တွဲဘက်အထွေထွေအတွင်းရေးမှူး(၁)ဒေါက်တာဝင်းမော်ဖြိုး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂)ဦးကျော်ဦးမော်၊ သင်တန်းမှူးဒေါက်တာမိုးသက်ပိုင်ထွန်း၊ ဆရာမ ဒေါက်တာစုမွန်ဝင်းတို့နှင့် သင်တန်းသားများအား မိတ်ဆက်ပေးခဲ့ပြီး၊ သင်တန်းဖွင့်ရခြင်းရည်ရွယ်ချက်များ၊ သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူးများ၊ သင်တန်းကာလတစ်လျှောက် စာတွေ့၊ လက်တွေ့သင်ကြားသွားမည့်ဘာသာရပ်များကို အကျဉ်းချုံးရှင်းပြခြင်းနှင့် လက်တွေ့လုပ်ငန်းလုပ်ကိုင်ရာတွင် မည်ကဲ့သို့ အကျိုးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းမှူး ဒေါက်တာမိုးသက်ပိုင်ထွန်းမှ သင်တန်းတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားပေးခဲ့ပြီး နံနက် (၉:၀၀)နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားကိုအောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။
ဆက်လက်၍ ဆရာမဒေါက်တာစုမွန်ဝင်းမှ Anatomy and System of Human Body အကြောင်းကို ရှင်းလင်းသင်ပြ ပေးခဲ့ပါသည်။

ယခုဖွင့်လှစ်သော သင်တန်းအပတ်စဉ်(၅)သို့ ရန်ကုန်မြို့မှသာမက ကချင်ပြည်နယ်၊ မြ၀တီ၊ လားရှိုး ၊ နေပြည်တော် ၊ ပခုက္ကူ စသည့် အရပ်များမှလည်း စိတ်ဝင်တစား လာရောက်တက်ရောက်ကြသည်ကိုတွေ့ရှိရပြီး စုစုပေါင်းသင်တန်းသား (၄၀)ဦး တက်ရောက်ကြပါသည်။
သင်တန်းကို (၁-၂-၂၀၂၀ မှ ၂၃-၃-၂၀၂၀)ထိ (၂)လနီးပါးခန့် အပတ်စဉ် စနေနှင့် တနင်္ဂနွေ နေ့ရက်များတွင် နံနက်(၉:၀၀)နာရီမှ နေ့လည် (၁၂:၁၅)နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

(ထပ်မံဖွင့်လှစ်မည့် သင်တန်းအပတ်စဉ် ၆ သို့ တက်ရောက်ရန်အတွက် စိတ်ပါဝင်စားသောသူများအနေဖြင့် ဖုန်း-၀၉၄၀၃၃၆၆၈၈၂ ၊ ၀၉၄၀၃၃၆၆၈၈၃ တို့ထံသို့ ရုံးချိန်(နံနက် ၉:၀၀ နာရီမှ ညနေ ၅:၃၀ နာရီ) အတွင်း ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။)

#MCCPMD

 
meeting-01
 
 
meeting-01
 
 
meeting-01