February, 2020 ==> 5.2.2020
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း (Myanmar Pharmaceutical & Medical Equipment Entrepreneurs’ Association) (MPMEEA) ၏အမည်အား နိုင်ငံတကာတွင် သုံးနှုန်းနေသော အသင်းအမည်များကဲ့သို့ ခေတ်ကာလအသုံးအနှုန်းနှင့် လျှော်ညီစေရန်နှင့် မကြာခင် အတည်ပြုထွက်ရှိလာတော့မည့် “Medical Device Law” ပါ ပြဌာန်းချက်အမည်နှင့် လျှော်ညီမှုရှိစေရန်တို့တွက် အမည်ပြောင်းလဲသုံးနှုန်းရန် လိုအပ်လာပါသည်။
သို့ပါသောကြောင့် (၂၃၊ ၁၂၊ ၂၀၁၉)ရက်နေ့တွင် အသားသားစုံညီအထူးအစည်းအဝေး ခေါ်ယူခဲ့ပြီး အသင်းအမည်အသစ်ဖြစ်သည့် ” မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း” (Myanmar Chamber of Commerce for Pharmaceutical & Medical Device) (MCCPMD) အမည်သို့ပြောင်းလဲရန် အသင်းသားများ၏ အများသဘောတူညီဆုံးဖြတ်ချက် ရရှိခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တွင် အမည်ပြောင်းလဲမှုကို လျှောက်ထားခဲ့ရာ အတည်ပြုခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ပါသည်။
ထိုပြောင်းလဲခဲ့သည့် အသင်းအမည်သစ်နှင့် အမှတ်တံဆိပ်အား အများပြည်သူများသိရှိနိုင်စေရန် လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
အသင်းအမည်အသစ်
မြန်မာဘာသာဖြင့် - မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း
အင်္ဂလိပ်ဘာသာဖြင့် - Myanmar Chamber of Commerce for Pharmaceutical & Medical Device
#MPMEEA