February, 2020 ==> 20.2.2020
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း(Myanmar Chamber of Commerce for Pharmaceutical & Medical Device) ၏လုပ်ငန်းကော်မတီတစ်ခုဖြစ်သော Medical Device Committee မှဦးဆောင်၍ “Good Distribution Practice for Medical Devices (GDPMD) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀-၂-၂၀၂၀ ရက် (ကြာသပတေးနေ့)၊ နေ့လည် (၁:၀၀)နာရီ အချိန်တွင် အသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင် မှ အဖွင့်အမှာစကားပြောြကားခဲ့ပြီး Medical Device Technical Committee ဥက္ကဌဦးအောင်မျိုးထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ Medical Device, Help Desk Coordinator Dr. Moe Thet Paing Tun မှ "Good Distribution Practice for Medical Devices (GDPMD)" ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသည့်ကုမ္ပဏီများမှ ၎င်းတို့သိရှိလိုသည်များကို မေးမြန်ခဲ့ကြပြီး မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်၊ Technical Committee ဥက္ကဌဦးအောင်မျိုးထွန်း ၊ Medical Device Committee အတွင်းရေးမှူး ဒေါက်တာမင်းဦးနှင့် အဖွဲ့ဝင်များမှ ပေါင်းစပ်ညှိနှိုင်းအဖြေရှာပေးခြင်းဖြင့် အလုပ်ရုံဆွေးနွေးပွဲ အား ညနေ (၃:၀၀)နာရီအချိန်တွင် အောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။
မြန်မာနို်င်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ Medical Device Technical Committee အနေဖြင့် အသင်းဝင်ကုမ္ပဏီ အများစု၏ သဘောဆန္ဒအရ ယခုကဲ့သို့သော များစွာ အကျိုးဖြစ်ထွန်းစေမည့် အလုပ်ရုံဆွေးနွေးပွဲများအား အခါအားလျှော်စွာ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
#MCCPMD