COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ လွယ်လင့်တကူ ရရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

February, 2020 ==> 28.2.2020

COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ လွယ်လင့်တကူ ရရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၈၊ ၂၊ ၂၀၂၀ ရက်နေ့၊ နေ့လည် (၂:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန နှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်နှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

#MCCPMD

 
meeting-01
 
 
meeting-01
 
 
meeting-01
 
 
meeting-01
 
 
meeting-01