Czech သံရုံးမှ တာဝန်ရှိသူများအား မြန်မာနို်င်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းရုံးခန်းတွင် လက်ခံတွေ့ဆုံ

March, 2020 ==> 4.3.2020

Czech သံရုံးမှ Mr.Kmil Pikal (Commercial Councellor), Daw Nan Kham Mo Win (Economic and Trade Specialist) နှင့် Czech နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်သော EA Meditrade s.r.o (Ltd.) တို့မှ ကိုယ်စားလှယ်များသည် (၄.၃.၂၀၂၀)ရက်နေ့တွင် အသင်းရုံးခန်းသို့လာရောက်၍မြန်မာနို်ငငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဌဒေါက်တာသင်းနွယ်ဝင်း၊ အထွေထွေအတွင်းရေးမှူးဒေါက်တာဝင်းကြိုင် နှင့် ဗဟိုအလုပ်အမှုဆောင်ဦးစိုးမြင့်တို့နှင့်လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနို်င်ငံတွင် ဆေးနှင့်ဆေးပစ္စည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာနှင့်ပတ်သက်သော သတင်းအချက်အလက် များ၊ Czech နိုင်ငံမှထုတ်လုပ်သော အရည်အသွေးမြင့် ဆေးနှင့်ဆေးပစ္စည်းများအား မြန်မာနိုင်ငံသို့တင်ပို့နိုင်ရန်နှင့် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

#MCCPMD

 
meeting-01