မြန်မာပြည်သူ၊ ပြည်သားတွေအတွက် မြန်မာနို်ငငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏ အုပ်တစ်ချပ်သဲတစ်ပွင့်အလှူ.....

 

March, 2020 ==> 15.3.2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက်......
“မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD)” နှင့် “မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်း (MPMDMA)" တို့ ပူးပေါင်း၍ အသင်းဝင် ဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများမှ တစ်တပ်တစ်အားပါဝင်လှူဒါန်းကြရာ
လှူဒါန်းငွေစုစုပေါင်းကျပ်- ၃၉၃,၁၂၅,၀၀၀/- (ကျပ်သိန်းပေါင်း (၃၉၃၁) သိန်းကျော်) တန်ဖိုးရှိ ငွေသား၊ US$၊ ဆေးပစ္စည်း၊ ဆေးဝါးများကို ယနေ့ ၁၅.၃.၂၀ (တနင်္ဂနွေနေ့)တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Dr.မြင့်ထွေးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
အလှူရှင်များ မိမိတို့ ကုမ္မဏီအမည်ဖြင့် ကိုယ်တိုင်ကိုယ်ကျတက်ရောက်လှူဒါန်းနိူင်အောင်လည်း စီစဉ်ပေးခဲ့ပါသည်။
လှူဒါန်းမှူများကို လက်ခံပေးပါသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Dr.မြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီိး လူမှူရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Dr. သာထွန်းကျော်၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် Dr. စိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. ထွန်းမြင့် နှင့် NLD ကျန်းမာရေးကွန်ယက်မှတာဝန်ရှိလူကြီးများ၊ MCCPMD နှင့် MPMDMA အသင်းဝင်များ၊ ထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့်
အလှူပွဲဖြစ်မြောက်အောင် (၂)ရက်အတွင်းစီစဉ်ဆောင်ရွက်ပေးကြပါသော MCCPMD နှင့် MPMDMA အသင်း၏ အလုပ်မှူဆောင်များ၊ ဗဟိုအလုပ်မှူဆောင်များ၊ ရုံးအဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

#MCCPMD

#MPMDMA

 
meeting-01
 
 
meeting-01
 
 
 
meeting-01
 
 
 
meeting-01
 
 
 
meeting-01