မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ

 

March, 2020 ==> 16.3.2020

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) ၏ ဥက္ကဌဦးဇော်မိုးခိုင် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ဥိးကျော်ဦးမော်၊ (MCCPMD) ၏ Medical Device Committee ဥက္ကဌဒေါက်တာစောမြအောင်၊ ဒုတိယဥက္ကဌဦးအောင်မျိုးထွန်း၊ အတွင်းရေးမှူးဒေါက်တာမင်းဦး ဦးဆောင်သော ECs, CECs အဖွဲ့ဝင်များသည် ယနေ့ (၁၆.၃.၂၀၂၀) တနင်္လာနေ့တွင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ညွှန်ကြားရေးမှူးချုပ် Dr. ခင်ဇော် နှင့် ဆေးဝါးဌာနညွှန်ကြားရေးမှူး၊ ဆေးပစ္စည်းနှင့် အလှကုန်ဌာနညွှန်ကြားရေးမှူးအဖွဲ့တို့ အား သွားရောက်တွေ့ဆုံခဲ့ပါသည်။
10th ASEAN Medical Device Conference ကျင်းပနိုင်ရေးရက်သတ်မှတ်ခြင်းကိစ္စ၊ COVID-19 ရောဂါ ရှာဖွေ၊ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးတွင် လိုအပ်သော ဆေးပစ္စည်းနှင့်ဆေးဝါးများ၏ Registration/Import Recommendation များမြန်ဆန်ချောမွေ့စေရေးကိစ္စများ၊ အထွေထွေအကြံပြုတင်ပြချက်များ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မနက် ၁၁ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။

#MCCPMD

 
meeting-01
 
 
meeting-01