Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း နှင့် ကုသခြင်းတို့အတွက် အသင်းမှ ပိုမိုထိရောက်စွာ ကူညီနိုင်ရန်ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို အသင်းရုံးခန်း၌ ကျင်းပ

 March, 2020 ==> 18.3.2020

၁၈၊ ၃၊ ၂၀၂၀ ရက်နေ့၊ ညနေ (၅:၀၀) အချိန်တွင် မြန်မာနို်ငငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း နှင့် ကုသခြင်းတို့အတွက် အသင်းမှ ပိုမိုထိရောက်စွာ ကူညီနိုင်ရန်ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို အသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအစည်းအဝေးမှ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သော၍ ပြည်သူ့ကျန်းမာရေးကိစ္စရပ်များတွင် ပိုမိုထိရောက်စွာ ပါဝင်ကူညီဆောင်ရွက်နို်ငစေရန် ရည်ရွယ်၍ လုပ်ငန်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။
၎င်းကော်မတီတွင် ဥက္ကဌဦးဇော်မိုးခိုင်၊ ဒုတိယဥက္ကဌ (၁)ဒေါက်တာသင်းနွယ်ဝင်း၊ ဒုတိယဥက္ကဌ (၂)ဒေါက်တာစောမြအောင်၊ ဒုတိယဥက္ကဌ (၃)ဦးအောင်မျိုးထွန်း၊ အတွင်းရေးမှူး(၁)ဒေါက်တာဝင်းကြိုင်၊ အတွင်းရေးမှူး(၂)ဦးကျော်ဦးမော်၊ အတွင်းရေးမှူး(၃)ဒေါက်တာမင်းဦး တို့မှ ဦးဆောင်ပြီး အဖွဲ့ဝင် (၁၇)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ ပါသည်။
ထို့နောက် ၎င်းကော်မတီမှ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေနွေးခဲ့ကြပြီး အစည်းအဝေးကို ည (၇:၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

#MCCPMD

 
meeting-01