မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) သည် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ အလှူရှင် Coca-Cola ကုမ္ပဏီမှ တာဝန်ရှိသူနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအဆောက်အဦးတွင် တွေ့ဆုံဆွ

 

 March, 2020 ==> 20.3.2020

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) သည် ယနေ့မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူနှင့်လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ အလှူရှင် Coca-Cola ကုမ္ပဏီမှ တာဝန်ရှိသူနှင့်လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဆောက်အဦးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဤသို့တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ရာတွင် ယခုအခါ ကမ္ဘာ့ကပ်ရောဂါအဖြစ်ကျရောက်နေသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှူလုပ်ငန်းများပြုလုပ်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများ အချိန်မီ ဝယ်ယူကူညီနိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးဇော်မိုးခိုင်၊ MCCPMDဧ။်Medical Device Committee ၏ ဥက္ကဌ ဦးစောမြအောင်၊ Medical Device Committee ၏ ဒုတိယဥက္ကဌ ဦးအောင်မျိုးထွန်း၊ Medical Device Committee ၏ အတွင်းရေးမှူး ဒေါက်တာမင်းဦးတို့ တက်ရောက်ခဲ့ပါသည်။ ထို့အပြင် Video Conferencing မှလည်း မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဌဒေါက်တာသင်းနွယ်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းကြိုင်နှင့် ဗဟိုအလုပ်အမှူဆောင် ဒေါက်တာဒေါ်ခင်သီရိတို့လည်း တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးကိုညနေ ၃ နာရီခွဲတွင် ရုတ်သိမ်းခဲ့ပါသည်။

#MCCPMD

 
meeting-01
 
 
meeting-01