လက်တွေ့အသုံးချဆေးဝါးနှင့်ဆေးပစ္စည်းများ လက်လီရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်နည်းသင်တန်း (Retail Pharmacy Management Course) အပတ်စဉ်-၅ သင်တန်းဆင်းပွဲကျင်းပ

March, 2020 ==> 22.3.2020

(၂၂၊ ၃၊ ၂၀၂၀) တနင်္ဂနွေနေ့၊ နံနက် (၉း၃၀)နာရီ အချိန်တွင်
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် လက်တွေ့အသုံးချဆေးဝါးနှင့်ဆေးပစ္စည်းများလက်လီရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်နည်းသင်တန်း အပတ်စဉ်(၅) ဆင်းပွဲအခမ်းအနားအား အသင်းရုံးခန်းရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစီအစဉ်အရ ဒုတိယဥက္ကဌဒေါက်တာသင်းနွယ်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား များထံသို့ ဒုတိယဥက္ကဌဒေါက်တာသင်းနွယ်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်သီရိ၊ သင်တန်းမှူး ဒေါက်တာ မိုးသက်ပိုင်ထွန်းတို့မှ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသူ ဒေါ်အေးချမ်းမြေ့အောင် အားသင်တန်းမှူးဒေါက်တာမိုးသက်ပိုင်ထွန်းမှ အထူးဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက်သင်တန်းသားများကိုယ်စား သင်တန်းသူဒေါ်ဝင်းမာထွန်းမှ ကျေးဇူးတင်စကားနှင့် သင်တန်းမှ ရရှိခဲ့သော အကျိုးကျေးဇူးများအား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် သင်တန်းသားများမှ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကာ သင်တန်းဆင်းပွဲအခမ်းအနားအား ပျော်ရွှင်စွာဖြင့် ပြီးမြောက်ခဲ့ပါသည်။

#MCCPMD

 
meeting-01
 
 
meeting-01
 
 
meeting-01