MCCPMD နှင့် သတင်းမီဒီယာ SKYPE VIDEO Conference မှတဆင့် တွေ့ဆုံပွဲ အနှစ်ချုပ် (၂၈၊ မတ်လ၊ ၂၀၂၀)

 March, 2020 ==> 28.3.2020

၂၈၊ မတ်လ၊ ၂၀၂၀
အနှစ်ချုပ်။
၁) ပုံမှန်သုံးစွဲနေကြ အိမ်သုံးဆေးဝါးများ (ဥပမာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပဋိဇီဝဆေး.. အစရှိသဖြင့်)ပြတ်လတ်မှူမရှိပါ။ ပုံမှန်စျေးအတိုင်းပင်ဖြစ်ပါသည်။
၂) ပုံမှန်အခြေအနေတွင် များစွာသုံးလေ့မရှိသည့် Covid-19 ကာကွယ်ရန် လိုအပ်သည့် Face Mask, PPE အစရှိသည့် ဆေးပစ္စည်းအချို့ လတ်တလော သုံးစွဲမှူ အဆမတန်မြင့်တက်လာခြင်းကြောင့် Supply နှင့် Demand မမျှပဲ ရှားပါးမှု ရှိပါသည်။ မြန်မာတနိုင်ငံထဲတွင်ဖြစ်ခြင်းမဟုတ်ပဲ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အလားတူ အခက်အခဲများဖြစ်ပေါ်လျက်ရှိပါသည်။
၃) ဆေးပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများမှလည်း ရနိုင်သလောက် ကျိုးစားတင်သွင်းလျက်ရှိပါသည်။ MCCPMD မှလည်း လိုအပ်သည်များကို သက်ဆိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
၄) Media က ဆေးဝါးတင်သွင်းတဲ့လူတွေအနေနဲ့ တစ်ဦးတည်းကနေပြီး ပစ္စည်းအများကြီး ဝယ်ယူ ပြီး စျေးကိုင်လှုပ်ရှားနေမှု မရှိစေရန် မည်သို့ ဆောင်ရွက်နေပါသနည်းဟု မေးမြန်းတဲ့အခါမှာ အသင်းအနေနဲ့က အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ပညာပေးနည်းလမ်းနှင့်စည်းရုံးရေးနည်းလမ်းဖြင့် ဆေးဝါးကို သိုလှောင်ခြင်းမပြုဖို့ ၊ ပြီးတော့လိုသလောက်သာဝယ်ယူရောင်းချဖို့ကို လည်း တိုက်တွန်းနိုးဆော်လျှက်ရှိပါတယ်။
ယခုအခါ အချို့ တင်သွင်း ဖြန့်ချီသူများက တင်သွင်း လာတဲ့ဆေးပစ္စည်း/ဆေးများကို တစ်ဦးတစ်ဖွဲ့ကနေ အကြွေးဖြင့် အများကြီးဝယ်၍ စုဆောင်းလှောင်ပြီးစျေးတက်သည့်အချိန်တွင်မှ ပြန်ရောင်းမှုများ မဖြစ်စေရန်အတွက် ယခင် ၁ လ/ ၁ လကျော် အကြွေးရောင်းစနစ် သို့မဟုတ် အပ်ကုန်ရောင်းချသည့် စနစ်ဖြင့် ဆေးနှင့်ဆေးပစ္စည်းများကို လက်ငင်းငွေချေစနစ်ဖြင့် ပြောင်းလွဲရောင်းချ
ခြင်းဖြင့် မလိုအပ်ဘဲ ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်စျေးကစား နိုင်မူကို လျော့ချထိန်းသိမ်းအောင် ဆောင်ရွက်နေကြောင်းကို သိရှိရပါသည်။
၅) သို့ပါ၍ ပြည်သူလူထုမှလည်း ကြောက်လန့်ပြီး ပုံမှန်လိုအပ်ချက်ထက် ပိုမိုဝယ်ယူမှူမျိုး မပြုလုပ်ကြရန် MCCPMD မှ မေ တ္တာရပ်ခံအပ်ပါသည်။

#MCCPMD

 
meeting-01