ကမ္ဘာအနှံ့ နိုင်ငံတိုင်းတွင် ဖြစ်ပွားနေသော Covid19 ကမ္ဘာ့ရောဂါကပ်ဆိုးဂယက်ကြောင့် ဆက်စပ်ဆေးပစ္စည်းနှင့်ဆေးဝါးများ မြန်မာနိုင်ငံတွင် စျေးနှုန်းကြီးမြင့် ရှားပါးလာရခြင်းအား ဖြစ်ပေါ်စေသည့် ပကတိအကြောင်းရင်းများနှင့်ပတ်သက်၍ အသင်းဝင်များထံမှသိရှိရသောအချက်များ တင

 March, 2020 ==> 28.3.2020 1

ကမ္ဘာအနှံ့ နိုင်ငံတိုင်းတွင် ဖြစ်ပွားနေသော Covid19 ကမ္ဘာ့ရောဂါကပ်ဆိုးဂယက်ကြောင့် ဆက်စပ်ဆေးပစ္စည်းနှင့်ဆေးဝါးများ မြန်မာနိုင်ငံတွင် စျေးနှုန်းကြီးမြင့် ရှားပါးလာရခြင်းအား ဖြစ်ပေါ်စေသည့် ပကတိအကြောင်းရင်းများနှင့်ပတ်သက်၍ အသင်းဝင်များထံမှသိရှိရသောအချက်များ တင်ပြခြင်းနှင့် ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ကြိုးပန်းဆောင်ရွက်နေမှူများကို တင်ပြခြင်း

မြန်မာနိူင်ငံအတွင်း၌ ဆေးပစ္စည်းနှင့်ဆေးဝါးစျေးနှုန်းများ အထူးသဖြင့်Covid19 နှင့်ပတ်သက်ဆက်စပ်သော ဆေးပစ္စည်းနှင့်ဆေးဝါးများသည် အောက်ဖေါ်ပြပါပကတိအကြောင်းရင်းများကြောင့် စျေးနှုန်းကြီးမြင့်လာရခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
Covid19 ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက အပြည်ပြည်ဆိုင်ရာနိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံ၏ လိုအပ်ချက်များအားလုံးပြည့်စုံရန်အတွက်သာ ဦးစားပေးအကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ကြပြီး Exports လုပ်ငန်းစဉ်အား လျော့ချခြင်း၊ လုံးဝရပ်တန့်ခြင်းတို့အား ပြတ်သားပြင်းထန်စွာ ဆောင်ရွက်ခဲ့ကြပါသည်။
အထူးသဖြင့် တစ်ကမ္ဘာလုံး၏ဆေးဝါး၊ ဆေးပစ္စည်းကုန်ချောထုတ်လုပ်ရာတွင် လိုအပ်သောကုန်ကြမ်းများအား အဓိက ထုတ်လုပ်ဖြန့်ဖြူးပေးနေသော တရုတ်နိုင်ငံသည် ၎င်း၏ ဝူဟန်ပြည်နယ်မှ စတင်ခဲ့သော Covid19 ရောဂါဆိုးကြောင့် နိုင်ငံတကာသို့ ဆေးပစ္စည်း၊ ဆေးဝါးဖြန်ဖြူးနေခြင်းအား ရုတ်ချည်းရပ်ဆိုင်းခဲ့ရာ အခြားသော ကုန်ပစ္စည်းများထုတ်လုပ်မှုထက် ဆေးပစ္စည်း၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍမှာ အစောဆုံးနှင့် အထိခိုက်ဆုံး ဖြစ်ခဲ့ရပါသည်။
ဆေးပစ္စည်းအများအပြားထုတ်လုပ်နေသော ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့တွင် COVID-19 ဖြစ်ပွားမှူကြောင့် ၎င်းတို့လိုအပ်ချက်ကို ဦးစားပေးထုတ်လုပ်ကြရသဖြင့်၎င်း၊ COVID-19 ရောဂါဖြစ်ပွားမှူ ဆိုးရွားသော ဂျပန်၊ တောင်ကိုးရီယားနှင့် အခြားအာရှနိုင်ငံများသို့လည်းဦးစားပေးတင်ပို့နေရသဖြင့်၎င်း၊ မြန်မာနိုင်ငံသို့ အချိန်မှီရရှိရန်ကြန့်ကြာခြင်း ဖြစ်ပေါ်ခဲ့ပါသည်။
ဂျပန်နှင့်တောင်ကိုးရီးယားမှ မြန်မာနိူင်ငံသို့ တင်ပို့နေသော ဆေးပစ္စည်းများ၊ ဆေးများမှာလည်း ၎င်းနိုင်ငံများတွင် COVID-19 ပြန့်ပွားမှူထိန်းချုပ်ရန် စက်ရုံများပိတ်ခြင်း၊ လေကြောင်း၊ ရေကြောင်းများပိတ်ဆို့ခြင်း၊ ပြည်တွင်းမဖူလုံမည်စိုး၍ export ပိတ်ခြင်းတို့ကြောင့် မြန်မာပြည်မှ တင်သွင်းခွင့်မရခြင်းတို့လည်း ဖြစ်ပေါ်လျှက်ရှိပါသည်။
တဖန် ကုန်ကြမ်းဖြန့်ဖြူးမှု အင်အား၌ဒုတိယ အကြီးဆုံးဖြစ်သော အိန္ဒိယနိုင်ငံကပါ တရုတ်နိုင်ငံကဲ့သို့ ကုန်ကြမ်းရောင်းချမှု ရပ်ဆိုင်းလိုက်ခဲ့ပြန်ရာ ကမ္ဘာ့ ဆေးပစ္စည်းနှင့် ဆေးဝါးထုတ်လုပ်ရေးယန္တယားတခုလုံးမှာ လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့ပြီး ကယ်သူမဲ့အခြေအနေနီးပါးသို့ ဆိုက်ရောက်ခဲ့ရပါသည်။
အိန္ဒိယနိုင်ငံအစိုးရသည် ပြီးခဲ့သော မတ်လ(၃)ရက်နေ့တွင် တင်ပြထားသော ပူးတွဲပါနောက်ဆက်တွဲစာအတိုင်း Covid19 ကာကွယ်ထိန်းချုပ်ကုသမှုနှင့် ပတ်သက်သော ဆေးဝါးကုန်ချောများသာမက ကုန်ကြမ်းများပါ exports လုပ်ခွင့်အား ပိတ်ပင်ရပ်ဆိုင်းခဲ့ပါသည်။ ထိုမျှသာမက လက်ရှိအချိန်ထိ Covid19 ဆက်စပ် ဆေးပစ္စည်းများဖြစ်သော ဥပမာ-PPE ဝတ်စုံများ၊ Face Mask များ အစရှိသည့် ကုန်ပစ္စည်းများအား exports လုပ်ခွင့်မပြုဘဲ တားမြစ်ထားရာ ယခုအချိန်ထိတိုင်ဖြစ်ပါသည်။
ဒါတင်မကသေးဘဲ တနိုင်ငံလုံးအား ဧပြီလ ၁၄ ရက်နေ့အထိ ရက်သတ္တပတ် ၃ ပတ်တိတိ Lock Down ပြုလုပ်ခဲ့ရာ မည်သည့် ကုန်စည်ပစ္စည်းများမှ လွယ်လင့်တကူ exports လုပ်၍မရရှိတော့ဘဲ ဖြစ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင်သာမက အမေရိကန်နိုင်ငံအပါဝင် ကမ္ဘာ့နိုင်ငံအများတွင် COVID-19 နှင့်ပတ်သက်သည့် ဆေးနှင့်ဆေးပစ္စည်းများ supply အခက်အခဲရှိသည်ကိုဖော်ပြသည့် website link ကို တင်ပြအပ်ပါသည်။ ထိုအရေးကိစ္စသည် မိမိတို့ မြန်မာပြည်တနိုင်ငံထဲတွင် ဖြစ်ပေါ်နေသည့်ပြဿနာမဟုတ်ဘဲ တကမ္ဘာလုံးအတိုင်းအတာအနေဖြင့် နိုင်ငံတိုင်းတွင် တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲပင် ဖြစ်ပါသည်။

https://edition.cnn.com/2020/03/25/politics/us-global-appeal-corona-supplies/index.html

သေချာလေ့လာကြည့်ပါက အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတိုင်း၌ Covid19 ရောဂါဆိုးအား ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ဆက်စပ်ဆေးပစ္စည်းနှင့်ဆေးဝါးများ၏ လိုအပ်ချက်မှာ အလွန်အမင်းကြီးမားနေသည့်အပြင် မိမိတို့နိုင်ငံထက် ပိုမိုဆိုးဝါးစွာ စျေးနှုန်းကိုပင် ပဓါန မထားနိုင်ဘဲ ရရှိနိုင်သည့်မည်သည့်နိုင်ငံများမှမဆို ယနေ့အချိန်အထိ အလုအယက်စျေးပိုပေးကာ ၎င်းတို့နိုင်ငံ၏လိုအပ်ချက်အား ဝယ်ယူဖြည့်တင်းနေကြပါသည်။
နိုင်ငံတကာအဝှန်း၌ ဆေးပစ္စည်း၊ ဆေးဝါးကုန်ကြမ်းများ ဝယ်ယူ၍မရရှိဘဲ ပြတ်လပ်ခြင်း၊ ဝယ်လို့ရပါကလည်း စျေးနှုန်းကြီးမြင့်စွာ ပေး၍ဝယ်ယူရခြင်း၊ ပြန်လည်ပတ်သောစက်ရုံများတွင်လည်း ကူးစက်မှူလျှော့ချရန် လုပ်သားအင်အားအပြည့် လုပ်ခွင့်မပြုခြင်းကြောင့် ၎င်းတို့၏ပြန်လည်ရောင်းချသော မူရင်းစျေးများမှာ ယခင်စျေးမဟုတ်တော့ဘဲ တစ်ဆ၊၂ဆ စသဖြင့်ကြီးမြင့်လာခဲ့ပါသည်။
ထိုမျှသာ မကသေးပါ။ နိုင်ငံတကာ လေကြောင်း၊ရေကြောင်း၊သွားလာရေးများ သိသိသာသာလျှော့ချခဲ့ကြ၍ (တစ်ကမ္ဘာလုံးတွင် လေကြောင်းခရီးစဉ်များ ၅၀% မကလျှော့ကျသွားခဲ့ပါသည်) ကုန်စည်သယ်ဆောင်ခများမှာ အနဲဆုံး ၂ဆမှ ၄ဆအထိခန့် အဆမတန်တိုးတက်ခဲ့ပါသည်။
အခြားသောကုန်စည်များနှင့်မတူ၊ တမူခြားနားစွာဖြင့် ဖြစ်နေသော မြန်မာနိုင်ငံ၏ ဆေးနှင့်ဆေးပစ္စည်း စျေးကွက်မှာ ဆေးဝါးအတွက်ဆိုလျှင် ၉၀% နီးပါး၊ ဆေးပစ္စည်း အတွက်ဆိုလျှင် ၁၀၀% (ရာနှုန်းပြည့်) ပြည်ပနိုင်ငံများအား မှီခိုကာ မှာယူတင်သွင်းနေရသည်ကို တွေ့ရှိရပါသည်။. မြန်မာနိူင်ငံတွင်းတွင် ထုတ်လုပ်နိုင်ခြင်းမရှိပါ။
ထို့ကြောင့် ကပ်ရောဂါကျရောက်ချိန်တွင်၊ နိုင်ငံတိုင်းတွင် ‘ကိုယ့်နိုင်ငံသာ ပထမ’ စနစ်ကျင့်သုံးချိန်တွင်၊ မြန်မာနိုင်ငံ၏ pharmaceutical & medical device ထုတ်လုပ်မူ sector မဖွံ့ဖြိုးမှူကြောင့် COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရန် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ မလုံလောက်သည့် ပြဿနာ၊ တင်သွင်းသည့် မူရင်းစျေးကြီးမြင့်ခြင်းပြဿနာများကို ရင်ဆိုင်လာရပါသည်။
ကပ်ရောဂါမတိုင်ခင် တင်သွင်းထားသော ဆေးနှင့်ဆေးပစ္စည်းများကို တင်သူဖြန့်ဖြူးသူကုမ္ပဏီများမှ ယခင်စျေးဟောင်းအတိုင်းသက်သာစွာရောင်းချပေးခဲ့သော်လည်း supply & demand theory ကိုနားလည်သော လူအချို့နှင့် ဆိုင်အချို့အနေဖြင့် စျေးကစားမှူများ ရှိနိုင်၍ အချို့ပစ္စည်းများ စျေးကမောက်ကမဖြစ်နိုင်ပါသည်။
လက်ကျန်ပစ္စည်းနည်းလာ၍ ထပ်မံတင်သွင်းရသော ဆေးနှင့်ဆေးပစ္စည်းများမှာမူ အထက်တွင်ရှင်းပြခဲ့သောအကြောင်းများကြောင့် မူရင်းစျေးကြီးမြင့်လာပြီး၊ လိုအပ်သော demand(စျေးကွက်လိုအပ်ချက်)ကိုဖြည့်စည်းနိုင်ရန် လုံလောက်အောင်တင်သွင်းနိုင်ခြင်းမရှိ၍၎င်း၊ နိုင်ငံတကာထုတ်လုပ်သူများ၏ ခွဲတမ်းချရောင်းချပေးသလောက်သာရရှိ၍၎င်း၊ စျေးများအဆမတန်ကြီးမြင့်ရကြောင်းလေ့လာတွေ့ရှိရပါသည်။
မိမိတို့ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အနေဖြင့် အသင်းဝင် လုပ်ငန်းရှင်များ ပုံမှန်ဆေးဝါးများတင်သွင်းမှုအတွက်သာမက Covid19 နှင့် ပတ်သက်ဆက်စပ်သော ပစ္စည်းများတင်သွင်းရာ၌ ပိုမိုချော့မွေ့မြန်ဆန်စေရန်၊ ကုန်ကျစရိတ်သက်သာနိုင်သမျှ သက်သာစေရန် ရည်ရွယ်၍ ဆက်စပ်လျှက်ရှိသော အစိုးရဌါန အားလုံးနှင့် (ဥပမာ- ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌါန၊ စီးပွားကူးသန်း ပို့ကုန် သွင်းကုန်ဌါန၊အကောက်ခွန်ဌါန အစရှိသည်တို့နှင့်) ဆက်သွယ်၍ ပူးပေါင်းညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ကာ ဖြေလျော့နိုင်သည်များကို အမြန်ဆုံးဖြေလျှော့စေရန်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ထိုမျှသာမက နေ့စဉ်ရောင်းဝယ်နေကြသော လက်လီလက်ကားစျေးနှုန်းများအား အသင်းမှ နေ့စဉ် ဂရုပြုသတိထားစောင့်ကြည့်ခဲ့ရုံသာမက အသင်းဝင် လုပ်ငန်းရှင်များအား ပရဟိတစိတ်ထားဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးရှေ့ရှုကာ သင့်တင့်မျှတသောစျေးနှုန်းများဖြင့်သာ ရောင်းဝယ်ဖြန်ဖြူးပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းသောနှုတ်ဖြင့်အကြိမ်ကြမ်၊ စာအားဖြင့် ၂ကြိမ်တိုင်တိုင် ထုတ်ပြန်နှိုးဆော်ခဲ့ပါသည်။
မိမိတို့ အသင်း၏အသင်းဝင်များသည် ဆေးနှင့်ဆေးပစ္စည်းတင်သွင်းနေသော လုပ်ငန်းရှင်များ အများစုပါဝင်ပြီး အင်အားကောင်းမွန်စွာရပ်တည်လျှက်ရှိသော်လည်း တစ်နိုင်ငံလုံးရှိလက်လီလက်ကား ဆေးဆိုင်များ၏ အသင်းဝင်အဖြစ် ပါဝင်မှုနှုန်းမှာ အလွန်တရာ နဲပါးလျော့နည်းဆဲ ရှိနေပါသည်။
သို့ပါသောကြောင့် မိမိအသင်းဝင် ကုမ္ပဏီများ၏ ရောင်းချစျေးနှုန်းများ သင့်လျှော်မျှတမှုရှိအောင် ထိန်းသိမ်းပြောဆိုဆောင်ရွက်ပေးနိုင်ပါသော်လည်း အသင်းဝင်မဟုတ်သော လက်လီလက်ကား အရောင်းဆိုင်များ၏ ရောင်းချစျေးနှုန်းများအပေါ် ဂရုပြုစောင့်ကြည့်ပြီး ထိရောက်သောဆောင်ရွက်မှုများအား ပြုလုပ်နေသော်လည်း မျှော်မှန်းထားသည့်အတိုင်း ထိန်းသိမ်းနိုင်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။
အားတက်ဖွယ်ရာအနေဖြင့် မိမိတို့အသင်းဝင် ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များသည် Covid19 ရောဂါနှင့်ဆက်စပ်သောကုန်ပစ္စည်းများ၏ နိုင်ငံတကာမှ ပြောင်းလဲလာသော ဂယက်ကြောင့် မလွှဲမရှောင်သာ အရောင်းစျေးနှုန်းပိုမိုလာသော လတ်တလော အခြေအနေမှလွဲ၍ ကျန်ကုန်ပစ္စည်းများအား မသင့်တော်သောစျေးနှုန်းများဖြင့် ရောင်းချနေမှုများအား တွေ့ရှိခြင်းမရှိပါ(မရှိပါ)။
လက်ရှိအနေအထားတွင် အချို့ပြည်သူများ၊ ဆိုင်များ သည် (Panic Buy) ကြောက်လန့်မှူကြောင့် ဆေးဝယ်လိုအား ပုံမှန်ထက်များနေသည်ကိုလည်း တွေ့ရပါသည်။ ထိုသို့ဆောင်ရွက်မူသည် ပစ္စည်းstock ပြတ်ခြင်း၊စျေးတက်ခြင်းကိုပိုမိုဖြစ်စေပါသည်။
သာမန်အားဖြင့် ဆေးကုမ္ပဏီများတွင် ပုံမှန်လိုအပ်သည့် ဆေးပစ္စည်း၊ဆေးပမာဏထက် ပိုမီုထားရှိလေ့ရှိပါ၍ ပုံမှန်အတိုင်းသာ ဆေးပစ္စည်း/ဆေးကိုဝယ်ယူကြပါရန် ပြည်သူအများအားလည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် အခက်အခဲများကြားမှ အစီုးရမဟုတ်သောအသင်းအဖွဲ့တစ်ခုအနေဖြင့် ဆေး/ဆေးပစ္စည်းများမပြတ်လတ်စေရေး၊ စျေးနှူန်းသင့်တင့်မျှတရေးအတွက် အသင်းဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကြိုးပမ်းလျှက်ရှိပါကြောင်းတင်ပြအပ်ပါသည်။

#MCCPMD

 
meeting-01
 
 
meeting-01