မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပြုလုပ်သည့် ဆေးဝါးများ လက်လီ/လက္ကား ရောင်းချသည့် အစီအစဉ်

အရောင်းပြခန်း (၁) အား ဆက်လက်ဖွင့်လှစ်ရောင်းချမည်အပြင် အရောင်းပြခန်း (၂) ကို တိုးချဲဖွင့်လှစ် ရောင်းချပေးသွားမည်။

ဆေးနှင့်ဆေးပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများမှ Covid-19 ရောဂါ ကာကွယ်၊ ကုသရေး ဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်းများအား အများပြည်သူများ အလွယ်တကူဝယ်ယူရရှိနို်ငစေရန်အတွက် (၁၆၊ ၈၊ ၂၀၂၁)ရက်န့မှ စတင်ပြီး တစ်ပတ်(၅)ရက် (တနင်္လာ မှ သောကြာ) နေ့များတွင် နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ ပြသရောင်းချပေးလျှက်ရှိပါသည်။

လက်ရှိ ဖွင့်လှစ်ပြသရောင်းချပေးနေသော အရောင်းပြခန်း(၁)အား ဆက်လက်ဖွင့်လှစ် ရောင်းချ ပေးမည့်အပြင် အရောင်းပြခန်း(၂)အား ဩဂုတ်လ (၂၃) ရက်နေ့မှစပြီး ဖွင့်လှစ်ပြသ ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အရောင်းပြခန်း (၁)

အမှတ်-၁၀၄/၁၀၈ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊

(ကွင်းကျောင်းမီးပွိုင့်အနီး) အလုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

အရောင်းပြခန်း (၂)

ပန်းဘဲတန်းမြိုနယ် ၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပတ် လမ်းထောင့်ရှိ

“မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန”  ရန်ကုန်တိုင်းဒေသကြီး။

iv photo 05

iv photo 01

iv photo 02

iv photo 03

iv photo 04

iv photo 06