မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကျင်းပခြင်း

20220917 agm 01
20220917 agm 02
 
20220917 agm 03
20220917 agm 04
 
20220917 agm 05
20220917 agm 06
 
20220917 agm 07
 

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်၊ စနေနေ့ ၊ နံနက် (၁၀:၁၀) နာရီအချိန်တွင် Online Video Conferencing ဖြင့် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းဝင်ကုမ္ပဏီများနှင့် အသင်းသားများ စုစုပေါင်း (၈၇) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် သဘာပတိဖြစ်သော အသင်းဥက္ကဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဦးဇော်မိုးခိုင်မှ ကြိုဆိုနူတ်ခွန်းဆက်စကား နှင့် အသင်း၏ (၂) နှစ်တာကာလအတွင်း လုပ်ဆောင်ချက် များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အသင်းဗဟိုအလုပ်အမှုဆောင်/စာရင်းစစ် ဒေါက်တာဇော်ထွန်းအေး မှ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ၂၀၂၀-၂၀၂၁ ခုနှစ် နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ပထမ (၆) လဖြတ် ငွေစာရင်းရှင်းတမ်း များကို ဖတ်ကြားတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသော အသင်းဝင်များထံမှ ကန့်ကွက်ရန် ရှိ/ မရှိကို (၃) ကြိမ်မေးမြန်းခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော အသင်းဝင်များမှ ကန့်ကွက်ရန် မရှိကြောင်း တစ်ပြိုင်တည်း ပြန်လည်ဖြေကြားခဲ့ကြသည့်အတွက် (၁၉) ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးသို့ တင်သွင်းသည့် ၂၀၁၉-၂၀၂၀ ခုနှစ်၊ ၂၀၂၀-၂၀၂၁ ခုနှစ် နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ပထမ (၆) လဖြတ် ငွေစာရင်းရှင်းတမ်းများကို အတည်ပြုပါကြောင်း ကြေညာပေးခဲ့ပါသည်။

အစည်းအဝေး အစီအစဉ်အရ ၂၀၂၀-၂၀၂၂ ခုနှစ် သက်တမ်းအလုပ်အမှုဆောင်အဖွဲ့ စတင်နှုတ်ထွက် ပါကြောင်းကို အခမ်းအနားမှူးမှ အသိပေး ကြေညာခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ၂၀၂၂-၂၀၂၄ ခုနှစ် သက်တမ်းအတွက် ရွေးချယ်ခံရသော ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်အဖွဲ့စာရင်းကို အလုပ်အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းမှ ဖတ်ကြား ကြေညာခဲ့ပါသည်။

ထို့နောက် အသင်းဝင်များထံမှ ကြိုတင်ပေးပို့ထားသော မေးမြန်းချက်၊ အကြံပြုချက်များ မရှိသည့်အတွက် အစည်းအဝေးအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီး အသင်းဥက္ကဌသစ် ဒေါက်တာဝင်းကြိုင်မှ နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားကာ နှစ်ပတ်လည်အစည်းအဝေးကို နံနက် (၁၀:၄၅) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။