၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၉:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံး၌ ကျင်းပပြုလုပ်ခဲ့သော “ကုန်အညွှန်း အမှတ်အသားများ မှတဆင့် ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်ဆီသို့ အလုပ်ရုံဆွေးနွေးပွဲ” သို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း မှ ဥက္ကဌ ဒေါက်တာဝင်းကြိုင် တက်ရောက်ခဲ့ပါသည်။