Taiwan Trade Center (Yangon)မှ ကိုယ်စားလှယ်အဖွဲ့ မှ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ လာရောက်တွေ့ဆုံသော အစည်းအဝေး

Taiwan Trade Center (Yangon) မှ Mr.Tom Chin (Director) နှင့် Ms.Ywee Shann (Specialist) တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက် ၊နံနက် (၁၀: ၀၀)နာရီ အချိန်တွင် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရုံးသို့လာရောက်၍ ဥက္ကဌ ဒေါက်တာဝင်းကြိုင် ၊ ဒုတိယ ဥက္ကဌ (၂) ဒေါက်တာ သင်းနွယ်ဝင်း ၊ ဗဟိုအလုပ်အမှုဆောင် ဦးသန်းဝင်း ၊ အလုပ်အမှုဆောင် ဒေါက်တာမြတ်ကျော်သူ၊ ဦးဇေယျာဖြိုးတို့ နှင့် တွေ့ဆုံကာ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ နှင့် ဇွန်လတို့တွင် Taiwan တွင် ကျင်းပပြုလုပ်မည့် ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာပြပွဲနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်ရန်အတွက် ဖိတ်ကြားခြင်းနှင့် ပြပွဲဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

20230105 activites 01