မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂/၂၀၂၃) ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် နှင့် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပခြင်း

  မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂/၂၀၂၃) ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် နှင့် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် Zoom Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် (၁၉)ဦး တက်ရောက်ခဲ့ကြပြီး အသင်း၏ရှေ့လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။