American Chamber မှ Executive Director နှင့်အဖွဲ့ မှ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း သို့ လာရောက်တွေ့ဆုံသည့်အစည်းအဝေး

American Chamber မှ  U Danny Kyaw (Executive Director) နှင့် Daw Khin Yadana Swe (Committee Officer) တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက် ၊နေ့လည် (၂: ၀၀) နာရီ အချိန်တွင် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရုံးသို့လာရောက်၍ ဥက္ကဌ ဒေါက်တာဝင်းကြိုင် ၊ဒုတိယ ဥက္ကဌ (၂) ဒေါက်တာ သင်းနွယ်ဝင်း ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါက်တာစောနေနွယ်တို့  ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံကာ ဆေးနှင့်ဆေးပစ္စည်းတင်သွင်းမှုဆိုင်ရာကိစ္စရပ်များ၊ သွင်းကုန်လိုင်စင်ကိစ္စရပ်များ၊ ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ အသင်း နှင့် American Chamber တို့ ပူးပေါင်း‌ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

20230225 activities 03

20230225 activities 04