မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း Myanmar Chamber of Commerce for Pharmaceutical & Medical Device (MCCPMD) "(၂၀) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း"

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၀)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်၊ အင်္ဂါနေ့ ၊ နံနက် (၉:၀၀) နာရီ အချိန်တွင် UMFCCI Office Tower မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ပါမောက္ခချုပ် ဒေါက်တာသီတာလှ ညွှန်ကြားရေးမှူးချုပ် (ဆေးရုံအုပ်ကြီး)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ကုသ) နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ရန်ကုန်) နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းများမှ ဥက္ကဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်း ဥက္ကဌနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ညီနောင်အသင်းများမှ ဥက္ကဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ၊ အသင်းဝင်ကုမ္ပဏီများနှင့် အသင်းသားများ စုစုပေါင်း(၁၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းမှ အမှာစကား ပြောကြားပြီး၊ မြန်မာနို်ငငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌဒေါက်တာဝင်းကြိုင်မှ ကြိုဆိုနူတ်ခွန်းဆက် စကား နှင့် အသင်း၏ တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ချက်များကို  ရှင်းလင်းတင်ပြခဲ့ပါသည်။
    ထို့နောက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ဦးမော်မှ အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသော အသင်းဝင်များထံမှ ကန့်ကွက်ရန် ရှိ/ မရှိကို (၃)ကြိမ် မေးမြန်းခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော အသင်းဝင်များမှ ကန့်ကွက်ရန် မရှိကြောင်း တစ်ပြိုင်တည်း ပြန်လည်ဖြေကြားခဲ့ကြသည့်အတွက် (၂၀)ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး သို့ တင်သွင်းသည့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ငွေစာရင်းရှင်းတမ်းကို အတည်ပြုပါကြောင်း ကြေညာပေးခဲ့ပါသည်။
ထို့နောက် အသင်းဝင်များထံမှ ကြိုတင်ပေးပို့ထားသော မေးမြန်းချက်၊ အကြံပြုချက်များ မရှိသည့်အတွက် အစည်းအဝေးအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီး မြန်မာနို်ငငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာဝင်းကြိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ နှစ်ပတ်လည်အစည်းအဝေးကို နံနက် (၁၀:၀၀)နာရီ အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

20230225 activities 03

AGM 15AGM 16

 

AGM 17

 

 

20230225 activities 04

AGM 13

AGM 14

 

AGM18