မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆေးဝါးနှင့်ဆေးပစ္စည်းများ မပြတ်လပ်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များအား ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဥက္ကဌ၊ ဒုတိယဥက္ကဌ(၂)၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၃)နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။