World Health Organization (Myanmar) မှ Dr. Sakthivel Selvalraj (Advisor for Health System and Policy for UHC)နှင့် Dr. Pyae Phyo (National Professional Offiver, Essential drugs and medicines) တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂၁) ရက်၊ နံနက် (၁၀: ၀၀) နာရီ အချိန်တွင် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရုံးသို့လာရောက်၍ ဥက္ကဌ ဒေါက်တာဝင်းကြိုင် ၊ဒုတိယ ဥက္ကဌ (၂) ဒေါက်တာ သင်းနွယ်ဝင်း ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၃) ဒေါက်တာဖြိုးဝေဇော်တို့ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံကာ World Health Organization (Myanmar) ၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် ၎င်းတို့ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအကောင်အထည်ဖော်ရာတွင် အနာဂတ်၌ အသင်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။