မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂/၂၀၂၄)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်နှင့်အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ( ၂၉ ) ရက်နေ့တွင် အသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင် နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး ဆေးဝါးနှင့်ဆေးပစ္စည်းစျေးနှုန်းများ တည်ငြိမ်စေရန်နှင့် ပြတ်လပ်မှုမရှိစေရေးအတွက် အသင်းမှ စီမံချမှတ် ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။