မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၃/၂၀၂၄)၊ (၄/၂၀၂၄)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်နှင့်အလုပ်အမှုဆောင် ကော်မတီ နှင့် Medical Device ကော်မတီအစည်းအဝေးများအား ၂၀၂၄ ခုနှစ်၊ မတ်လ (၃/၅/၆)ရက်နေ့တို့တွင် အသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင် နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီးဆေးဝါးနှင့်ဆေးပစ္စည်းများ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရန် အဓိကအရေးပါဆုံးနှင့် လိုအပ်ချက်ဖြစ်သော သွင်းကုန်လိုင်စင်များ အမြန်ဆုံးရရှိနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံဆွေးနွေးခဲ့သောကိစ္စရပ်များအား ပြန်လည်ရှင်းလင်းတင်ပြခြင်းနှင့် စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်း စျေးနှုန်းတည်ငြိမ်စေရေး ထိရောက်စွာလုပ်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။