သွင်းကုန်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကာ ဌာနတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးကို Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှဥက္ကဌ၊ ဒုတိယဥက္ကဌ (၂)၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁)၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၃)၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။