၂၀၂၄-၂၀၂၆ ခုနှစ် သက်တမ်းအတွက် တာဝန်ယူ ဆောင်ရွက်ကြမည့် အလုပ်အမှုဆောင်သစ်ရွေးကောက်ပွဲကျင်းပခြင်းနှင့် အတည်ပြုရွေးချယ်ပြီးသော ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ အမည်စာရင်း။

Election 1
Election 2
 
Election 3
Election 4
 

      မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ၂၀၂၄-၂၀၂၆ ခုနှစ် သက်တမ်း အတွက် တာဝန်ယူ ဆောင်ရွက်မည့် အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် Park Royal Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်သူများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာ ဦးဖေသက်ခင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်(ငြိမ်း) ဦးမြင့်လွင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်) ညွှန်ကြားရေးမှူးဒေါက်တာမင်းဝဏ်၊ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ ဗဟိုအလုပ်အမှုဆောင်ဦးတင်ကိုကို၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(MCCPMD)၊ အကြံပေးပုဂ္ဂိုလ် ဦးကျော်ဝင်း တို့မှ ဆောင်ရွက်ခဲ့ကြပါသည်။
      အလုပ်အမှုဆောင်အဖြစ် ဆန္ဒပြုလျှောက်လွှာတင်သွင်းသူ ကုမ္ပဏီ/အဖွဲ့အစည်းကိုယ်စားပြု (၃၂) ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားပြု (၃)ဦး စုစုပေါင်း (၃၅) ဦး ရှိပါသည်။ ဆန္ဒမဲပေးရန် လျှောက်လွှာတင်သွင်းသူ ကုမ္ပဏီ/အဖွဲ့အစည်းကိုယ်စားပြု (၇၀) ဦး နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားပြု (၃) ဦး၊ စုစုပေါင်း(၇၃) ဦး ရှိခဲ့ပါသည်။ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံ ကုမ္ပဏီ/အဖွဲ့အစည်း ကိုယ်စားပြု (၃၂) ဦးထဲမှ (၃၀) ဦးကို လည်းကောင်း၊ တစ်သီးပုဂ္ဂလ ကိုယ်စားပြု (၃) ဦးထဲမှ (၃) ဦးကို လည်းကောင်း မဲရလဒ် အနည်းအများအလိုက် အလုပ်အမှုဆောင်အဖွဲ့ဝင် (၃၃) ဦးကို ဦးစွာ ရွေးချယ် ခဲ့ကြ ပါသည်။
      ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရွေးချယ်ရန်အတွက် အသင်းအလုပ်အမှုဆောင် သက်တမ်း အနည်းဆုံး (၁) နှစ်ရှိပြီး သူများကိုသာ ဗဟိုအလုပ်အမှုဆောင်တာဝန် အဆင့်ဆင့်ကို ဆက်လက် ရွေးချယ်ခဲ့ကြပါသည်။ ထိုသို့ ရွေးချယ်ရာတွင် အသင်း ရာထူး/နေရာအလိုက် ရွေးချယ်ခံကြမည့် ပုဂ္ဂိုလ်များမှ မိမိကိုယ်တိုင် အဆိုပြုနိုင်ကြပြီး အဆိုပြုသူ တစ်ဦးထက်ပိုရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း မဲစနစ်ဖြင့် ရွေးချယ်မည့် အစီအစဉ်ဖြင့် ဆက်လက် ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၂၄-၂၀၂၆ ခုနှစ်အတွက် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များအဖြစ် သက်ဆိုင်ရာ ရာထူး/နေရာများအလိုက် ရွေးချယ်တင်မြှောက်ပြီးသော ပုဂ္ဂိုလ်များစာရင်းအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။


မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ

စဉ်    အမည်                           အသင်းတာဝန်
၁။    ဒေါက်တာဝင်းကြိုင်          ဥက္ကဌ
၂။    ဦးဇော်မိုးခိုင်                      ဒုတိယဥက္ကဌ (၁)
၃။    ဒေါက်တာသင်းနွယ်ဝင်း     ဒုတိယဥက္ကဌ (၂)
၄။    ဦးကျော်ဦးမော်                  အထွေထွေအတွင်းရေးမှူး
၅။    ဒေါက်တာစောနေနွယ်        တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)
၆။    ဒေါက်တာဖြိုးဝေဇော်        တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)
၇။    ဦးကျော်ကျော်မြင့်             တွဲဖက်အထွေထွေအတွင်းရေးမှူး (၃)
၈။    ဒေါက်တာသန်းသန်းနု        ဘဏ္ဍာရေးမှူး
၉။    ဒေါက်တာဇော်ထွန်းအေး    စာရင်းစစ်
၁၀။    ဒေါက်တာခင်သီရိ             ဗဟိုအလုပ်အမှုဆောင်
၁၁။    ဒေါက်တာမင်းဦး               ဗဟိုအလုပ်အမှုဆောင်
၁၂။    ဒေါက်တာဝင်းမော်ဖြိုး       ဗဟိုအလုပ်အမှုဆောင်
၁၃။    ဒေါက်တာမျိုးသန့်             ဗဟိုအလုပ်အမှုဆောင်
၁၄။    ဒေါ်မြမြမိုး                       ဗဟိုအလုပ်အမှုဆောင်
၁၅။    ဦးစိုးမြင့်                           ဗဟိုအလုပ်အမှုဆောင်
၁၆။    ဦးလှဌေး                          ဗဟိုအလုပ်အမှုဆောင်
၁၇။    ဒေါက်တာလွင်ဟန်           ဗဟိုအလုပ်အမှုဆောင်
၁၈။    ဦးဇေယျာဖြိုး                   ဗဟိုအလုပ်အမှုဆောင်
၁၉။    ဦးသန်းဝင်း                       ဗဟိုအလုပ်အမှုဆောင်

 

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း
အလုပ်အမှုဆောင်အဖွဲ့ဝင်များ


စဉ်    အမည်                            အသင်းတာဝန်
၁။    ဒေါက်တာစောမြအောင်     အလုပ်အမှုဆောင်
၂။    ဦးလှမင်း                           အလုပ်အမှုဆောင်
၃။    ဦးအောင်ထွန်းအေး            အလုပ်အမှုဆောင်
၄။    ဒေါက်တာမြတ်ကျော်သူ     အလုပ်အမှုဆောင်
၅။    ဦးစိုးမိုးကျော်                     အလုပ်အမှုဆောင်
၆။    ဦးသန်းထွဋ်                       အလုပ်အမှုဆောင်
၇။    ဒေါ်အိသက်မွန်                   အလုပ်အမှုဆောင်
၈။    ဦးပါစကယ်ဘေလန်           အလုပ်အမှုဆောင်
၉။    ဒေါက်တာခိုင်သဇင်ဦး         အလုပ်အမှုဆောင်
၁၀။    ဦးအောင်နိုင်                    အလုပ်အမှုဆောင်
၁၁။    ဒေါက်တာမောင်မောင်ဇော် အလုပ်အမှုဆောင်
၁၂။    ဦးအောင်မြင့်ဟန်             အလုပ်အမှုဆောင်
၁၃။    ဦးသိန်းမြင့်                     အလုပ်အမှုဆောင်
၁၄။    ဒေါက်တာထက်နိုင်လင်း   အလုပ်အမှုဆောင်