မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏အသင်းဝင်ဆေးဆိုင်မိသားစုများနှင့်တွေ့ဆုံသည့် အစည်းအဝေး။

              ရွှေပြည့်စုံစျေး၊ ရွှေမင်္ဂလာစျေးနှင့် ဗိုလ်ချုပ်စျေးသစ်တို့ရှိ အသင်းဝင်ဆေးဆိုင်မိသားစုများနှင့် တွေ့ဆုံသည့် အစည်းအဝေးကို  ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် ရွှေပြည့်စုံစျေး၊ တတိယထပ်ရှိ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ပါသည်။
            ထိုအစည်းအဝေးသို့မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဌ၊  အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် နှင့် အလုပ်အမှုဆောင်များ အပါအဝင် ဆေးဆိုင်မိသားစု(၁၅၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေး၌ ဆေးဝါးနှင့်ဆေးပစ္စည်းများလက်လီလက်ကားဖြန့်ဖြူးရောင်းချနေသော ဆေးဆိုင်များအနေဖြင့် ဆေးစျေးနှုန်းများအား တည်ငြိမ်မှုရှိစေရန်အတွက် ကြိုးစားထိန်းသိမ်း၍ ဆက်လက်ရောင်းချသွားကြပါရန်၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြပါရန်၊ပြည်သူ့ကျန်းမာရေးအကျိုးရှေးရှုကာ သင့်တင့်မျှတသောစျေးနှုန်းများဖြင့်သာ ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြပါရန် နှင့် စျေးကွက်အတွင်း စျေးနှုန်းများ ကြီးမြင့်စွာ ရောင်းချခြင်း၊ စျေးကစားခြင်းများ (လုံး၀) မပြုလုပ်ကြပါရန် လေးနက်စွာ အသိပေးတိုက်တွန်းပြောကြားခဲ့ပြီး ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်အတွက် သွင်းကုန်လိုင်စင်များ စဉ်ဆက်မပြတ် ရရှိနိုင်စေရန် အသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြ ပြောကြားခဲ့ပါသည်။

Zay1

Zay2