မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆေးဝါးနှင့်ဆေးပစ္စည်း မပြတ်လပ်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လိုသောအကြောင်းအရာများအား မေးမြန်းဆွေးနွေးနိုင်ရန် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ဥက္ကဌ ဦးဇော်မင်းလတ်ဦးဆောင်သော အဖွဲ့ဝင် (၁၂)ဦးပါဝင်သည့် တာဝန်ရှိပုဂ္ဂိုလ်များသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရုံး သို့လာရောက်၍ ဥက္ကဌ ဒေါက်တာဝင်းကြိုင်၊ ဒုတိယဥက္ကဌ (၂) ဒေါက်တာသင်းနွယ်ဝင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။